Arc-1.11

27.8K 3K 96
                                    

(Zawgyi)🍓🍓🍓🍓🍓

Arc-1.11

ဝသန် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ နေသည်။နွမ်းနယ်ကာ အားမရှိ သလိုခံစားနေရသည်။နဖူးပေါ် ရောက်လာသော အေးစက်စက်အထိအတွေ့ ကြောင့် မျက်လုံးများ အားယူဖွင့်လိုက်တော့...။

အစ်ကို ခွန်လတ်၏ စိုးရိမ်ပူပန်မှုများပြည့်နေသော မျက်နှာ အား တွေ့လိုက်
ရသည်။

"သတိရလာပြီလား။ တစ်ညလုံး အဖျားတွေတက်နေလို့ ကိုယ် အရမ်း စိတ်ပူနေတာ အကောင်ပေါက်ရာ။ တော်သေးတာပေါ့ကျေးဇူး တင်ပါတယ် အကောင်ပေါက်.."

နဖူးမှ ရေဝတ်အား ဖယ်လိုက်ကာ အားယူထမိတော့ ပြာပြာသလဲ တွဲကူကာ စိတ်ပူသောမျက်ဝန်းများဖြင့် ကြည့်လာသည်။

"အစ်ကိုခွန်လတ်...အစ်ကိုဇော်ထူးရော"

အကောင်ပေါက်လေး သတိရရခြင်း မေးလာသည်က အစ်ကိုဇော်ထူး ရောတဲ့..။ ခွန်လတ်လက်ထဲမှ ရေစိုဝတ် လေး ကို တင်းတင်းစုတ်ထား လိုက် မိသည်။ တစ်ညလုံး စိတ်ပူနေတဲ့ကိုယ့်ကို အကောင်ပေါက် က မမြင်ဘူး လားကွာ..။

ဇော်ထူး သည် အကောင်ပေါက်လေးအသက်ကို ကယ်တင်ထားသော ကြောင့် မေးမှန်း သိသော်လည်း..ခွန်လတ် တယ်ကိုမကြိုက်။

အကောင်ပေါက်လေး ပထမဆုံး တမ်းတသောသူသည် မိမိ တစ်ဦး တည်း သာ ဖြစ်စေ ချင်သည်။ဖြူလျော့ နေသော အကောင်ပေါက်လေး၏ မျက်နှာလေး ကြောင့် ခွန်လတ် စိတ်ကိုအတတ်နိုင်ဆုံး လျော့ကာ..။

"သူဘာမှမဖြစ်ဘူး ကိုယ့်ကိုယ်ကို သာဂရုစိုက်"

စိတ်လျော့ထား သော်လည်း အနည်းငယ်မာသွားသော စကားသံ အား
အကောင်ပေါက်လေး က သတိမထား မိ...။

"ကျွန်တော် သွားကြည့်ချင် တယ်။ သူဒဏ်ရာပြင်းတယ် ဗျ ဘယ်နေရာ မှာလဲ....?"

"မင်း သက်သာသွားရင် ကိုယ်လိုက်ပို့ပေးမယ်"

"ဟင့်အင်း ကျွန်တော်က အခုကြည့်ချင်တာ"

ပြောပြောဆိုဆို အတင်းအပြင် ထွက်သွား လေသော အကောင်ပေါက်က ခွန်လတ် ၏ သဝန်တိုမှု အား စမ်းကြည့်နေသည်ထင်။

သူနေမကောင်း သောကြောင့် အရမ်းစိတ်ပူနေသောမိမိ စိတ်အား နားလည်ပုံ မရ..။ စကား လုံးဝ နားမထောင်ချေ။ အပြစ်ပေး မှ ဖြစ်တော့ မည်။

Second Chance(System) [Completed]Where stories live. Discover now