Arc-8.2(Real Life)

18.2K 1.9K 271
                                    

(Zawgyi)

Arc-8.2

သူ့ပေါက်စက ဗိုက်ဆာသည်ဟု တစ်ခွန်း ပြောလိုက်သည်နှင့် ကောက်ချီကာ ထွက်သွားသော ညီတော်ကြောင့် အရှင့်သား သွေးအန်ချင်သွားရသည်။

ကလေးနှစ်ယောက် ကျန်ခဲ့တယ်လေ...!!..။ အရှင့်သား စတော်ဘယ်ရီ လေးတို့အား ကြည့်လိုက် တော့ မိမိအား မျက်လုံး ဝိုင်းဝိုင်းလေးများဖြင့် မော့ကြည့်နေလေသည်။ သို့သော် စတော်ဘယ်ရီလေးတို့ ၏ မျက်ဝန်းများတွင် အံ့သြရိပ်များပင်မရှိ တည်ငြိမ်ကာ ထိုအပြုအမူအား အသားကျနေပုံရသည်။ နောက်ဆုံးတွင် အရှင့်သား သက်ပြင်းချကာ စတော်ဘယ်ရီ လေးတို့အား မေးလိုက်သည်။

"ဗိုက်ဆာနေပြီလား..."

ပြိုင်တူ ခေါင်းငြိမ့်ပြသော စတော်ဘယ်ရီလေးတို့ကြောင့် အရှင့်သား ပြုံးလိုက်မိသည်။

"ဦးရီတော်နဲ့ တူတူသွားကြမယ်..."

ကလေးတွေအား ခေါ်ကာ စားဖိုဆောင်သို့သာ ဦးတည်လိုက်သည်။ တင်းသွားသော ဝတ်ရုံ၏ လက် နေရာအား ကြည့်လိုက်တော့ ရှင်သခင်.. မိမိ ဝတ်ရုံစလေးအား လက်သေးသေးလေးဖြင့် လာဆွဲကာ ရီပြနေသေးသည်။ အရှင့်သား လက်ညိုးသွယ်သွယ်လေးအား လှမ်းပေးလိုက်တော့ အရုပ်ရသွားသော ကလေး ကဲ့သို့ပင် လက်သေးသေးလေးဖြင့် ဆုပ်ကိုင်လာလေသည်။

အရှင့်သား စားဖိုဆောင်သို့ ဦးတည်နေရင်း နောက်ပါးဆီမှ ရေမြေ့အား လှည့်ကြည့်လိုက်တော့ ထူးထူး ဘေးတွင် တည်ငြိမ်စွာ လမ်းလျှောက်နေလေသည်။ အရှင့်သား မိမိ လက်ညိုးလေးအား ဆုပ် ကိုင်ထားသော သခင်အား ငုံ့ကြည့်လိုက်တော့ မော့ကြည့်ကာ ချစ်စရာကောင်းအောင် ရီပြနေပြန်သည်။

^^ဒီကလေးက ချွဲတတ်တာ ထင်တယ်..!!..^^

ကံကြမ္မာ စစ်ဆေးနေစဉ်အတွင်း ရလာသော ဒီကလေးနှစ်ယောက်အတွက် အရှင့်သား အလွန် စိတ်ပူခဲ့ရသည်။ အကြောင်းမှာ ညီတော် လူ့ဘဝ ရောက်နေစဉ် ရသော သွေးသားလေးများ ဖြစ်သော ကြောင့် ထိုကလေးများကို လူ့လောကတွင်သာ ထားခဲ့ရပေလိမ့်မည်။

 လူသားများအား မိမိတို့လောကသို့ ခေါ်ဆောင် မရသောကြောင့်ပင်..။ အခက်အခဲများစွာ ကြားမှ ဖြစ်တည်ခဲ့သော ညီတော်၏ မိသားစုလေးကို အရှင့်သား မခွဲခွာစေချင်ပါ..။

Second Chance(System) [Completed]Where stories live. Discover now