Arc-7.17(Testing Life 2)

16.8K 2K 64
                                    

(Zawgyi)

Arc-7.17

ဆက်လျှံ မွေးနေ့ပွဲ တစ်လျှောက်လုံး မိမိပွေ့ဖက်ထားသော လက်မောင်းများ ကြားတွင် ငြိမ်ငြိမ် လေး နေပေးသော အကောင်ပေါက်အား အသည်းယားနေမိသည်။ Party ပွဲလာသော သူများအား မောင်းထုတ်ချင်သော စိတ်အား မနည်းပင် ချိုးနှိမ်နေရသည်။

 ဆက်လျှံ လာရောက် နှုတ်ဆက်ကာ ဆုမွန် ကောင်း တောင်းပေးသော သူများကို တည်ကြည်သော မျက်နှာဖြင့် ခေါင်းငြိမ့်ကာ ပြန်အသိအမှတ် ပြု နေသော်လည်း ဝသန့် ခါးအား ဖက်ထားသော လက်တစ်ဖက်မှာ သွေးကြောများပင် ထင်းထင်း ထနေပြီ ဖြစ်သည်။

ဝသန် ပိုမိုတင်းကြပ်စွာ ဖက်လာသော ဆက်လျှံ ၏ လက်တစ်ဖက်ကြောင့် ဆက်လျှံ အနားသို့ ကပ် ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"နာနေပြီ..!!..."

"အင်း..!!.."

ဆက်လျှံ၏ လက်အားမှာ သိသိသာသာ လျော့သွားမှသာ ဝသန် သက်ပြင်းချနိင်တော့သည်။ ဒီနေ့ ဆက်လျှံ ဘာဖြစ်နေပါလိမ့်...။ လေပြေ အကြောင်း တွေးမိသောအခါ ဝသန် ရီချင်သွားရသည်။ အဝတ် အစား အပြင်အဆင်ကို ကြည့်လျှင်ပင် သေချာ ပြင်ဆင်လာကြောင်း သိနိုင်သည်။

သို့သော် ရက်စက်လွန်းသော သွေးအေးနတ်ဘုရားကြီးက သတ်ချင်နေသော အကြည့်များဖြင့် သူမ မျှော်လင့်ချက်လေးကို ဖျက်ဆီးသွားလေသည်။ သူမ ၏ ထိန်းမရအောင် ပျက်သွားသည့် လှပသော မျက်နှာလေးသည် ဝသန် အား စားဝင် အိပ်ပျော်စေသည်။ ဝသန် တွေးလေတွေးလေ ပျော်လေပင် ဖြစ် သည်။

ဝသန် နှုတ်ခမ်းစွန်းတစ်ဖက် တွန့်ကွေးကာ ပြုံးနေမိစဉ် ရုတ်တရက် ဝသန် ကိုယ်လေးအား ပွေ့ချီ လိုက်သော ဆက်လျှံကြောင့် ဝသန် အလွန် လန့်သွားရကာ ကျင့်သားရနေသော လက်သေးသေးလေး များသည်လည်း ဆက်လျှံ လည်တိုင်အား တွယ်ချိတ်လိုက်တော့သည်။

"ဆက်လျှံ...!!!.."

ဝသန် ဆက်လျှံ ၏ အပြုအမူကြောင့် party ပွဲမှ သူများအား ကြည့်လိုက်သောအခါ သူလူကင်းမဲ့ နေသော ခြံဝင်းကြီးက ဝသန် အား ပြောင်ပြနေသလိုပင်..။ ဝသန် အတွေးလွန် နေခဲ့ခြင်း ဖြစ်သည်။ ဝသန် ဆက်လျှံ အား အလန့်တကြား မော့ကြည့်လိုက်မိသည်။

Second Chance(System) [Completed]Where stories live. Discover now