Arc-2.12

25.8K 2.6K 33
                                    

(Zawgyi)

Arc-2.12

"သတိထား....!!!.."

Leo ၏ စိုးရိမ်တကြီး သတိပေးသံနှင့်အတူ မိမိဆီ ရောက်လာသော လက်နက်ပုန်းကြောင့် ဝသန် အလျင်အမြန် ရှောင်လိုက်ရသည်။ ကျေးဇူးဘဲသက်လား...။ လူအယောက်၅၀ တူတူလာသည်ကို မိမိဆီ ကိုဘဲ လက်နက်ပုန်းက တည့်တည့်လာသည်။ ဝသန် ဝမ်းသာလွန်းလို့ မျက်ရည်များတောင် သုတ်မနိုင် တော့..။ လက်နက်ပုန်း နဲ့ ပစ်တဲ့အကောင်ရေ... FUCK...£#@!!...ဘဲ...သလား..။

ရုတ်တရက် အလစ်တိုက်ခံရသောကြောင့် Leo တို့တစ်ဖွဲ့လုံး ရုတ်ရင်းဆန်ခတ် ဖြစ်သွားရသည်။ အနက်ရောင်များသာ ဝတ်ဆင်ထားသော အမည်မသိသူများမှာ ကျွမ်းကျင်သော လုပ်ကြံရေးသမားများ ဖြစ်မှန်း သိသာလှသည်။

ထူးဆန်းသည်မှာ ထိုသူများသည် ဝသန့် ကိုသာ ဦးတည်တိုက်ခိုက်နေခြင်း ဖြစ်သည်။ တိမ်ပင်လယ် မှ သင်ထားခဲ့သော အတိုက်အခိုက်များကြောင့်သာ မဟုတ်ပါက ဝသန် သေမည်မှာ သေချာသလောက် ဖြစ်သည်။

ယခုကိစ္စသည် ထင်သလောက် မရိုးရှင်းနိုင်ဟု ဝသန် ထင်သည်။ အဘယ်ကြောင့်ဆိုသော် တိုက် ခိုက်နေသူများသည် မိမိကို ဦးတည်တိုက်ခိုက်နေသည် သာမက မိမိ ကို ကာကွယ်မည့်သူများ ဖြစ်သော Leo နှင့် bro-con များကို မိမိဆီ မရောက်နိုင်ရန် လူစုခွဲ ဟန့်တားထားကြသည်။

ထို့ပြင်...ပစ္စည်းတစ်ခုခုအား ရှာဖွေနေသောပုံမှာ သိသာလှသည်။ ဝသန့် ဆီမှ ပစ္စည်းဆိုပါက ကျောက်စိမ်းဆွဲကြိုး သာ ဖြစ်မည်။ ဒါပေမယ့် မေးခွန်းက ဒီလူတွေ ဒီလျို့ဝှက်ချက်ကို ဘယ်လိုသိတာ လဲ..။ လုပ်ကြံသူများ ၏ နောက်ကွယ်မှ သူသည် အင်အားကြီးမှာ သေချာတယ်။ ဘယ်သူက သတင်းပေး များ ပါလိမ့်.. ဖြစ်နိုင်တာက...။

"ထူးထူး ဇာတ်လိုက်မ သေသွားပြီဆိုတာ သေချာရဲ့လား..။ အဲ့ဒီနေ့က ဘာတွေဖြစ်ခဲ့လဲ ရှာပေး..."

ထူးထူး ကိုလည်း လှမ်းပြောရင်း ကိုယ်တိုင်ကလည်း လုပ်ကြံရေးသမားများဖြင့် တိုက်ခိုက်နေရ သည်။

[Host ထင်တာ မှန်ပါတယ်။ နောက်ကွယ်က သတင်းပေးက သူမပါ...။ Mira မသေသေးပါဘူး..။ Leo နှိပ်စက်မှုကြောင့် သေလုဆဲဆဲအခြေအနေမှာ သူမကို လူတစ်ယောက်က ကောက်သွားတာပါ..။ အဲ့ လူက....]

Second Chance(System) [Completed]Where stories live. Discover now