Arc-1.3

31.9K 3.3K 134
                                    

(Zawgyi)🍓🍓🍓🍓🍓

Arc-1.3

[Host..ဆဲလို့မရဘူးနော်...နောက်ခါဆိုအမှတ်လျော့မှာပါ]

ဝသန် ထူးထူး အပြောအား မျက်နှာသေဖြင့်ပင် ပြန်ပြောလိုက် သည်။

"အဟမ်း...ထူးထူးလေး နားကြားမှား နေတာပါ။ဒီက ကိုကို ပြောတာကအုံးဂွမ်...အုံးဂွမ် နဲ့အော်တဲ့ ဖားလေးကို ပြောနေတာပါ။တကယ်..တကယ် မလိမ်ဘူး..."

ဝသန် အပြော ကြောင့် ထူးထူး ၏ ချစ်စရာကောင်းသော မျက်နှာ သေးသေးလေး မည်းမှောင်သွားရသည်။

^^ဒါ..ဒါ... လက်တစ်လုံးခြား လာလိမ်သွားတာမလား.. ဉာဏ်များတဲ့ မွှေးပွခွေးကြီး..!!..^^

ထူးထူးလေးရဲ့ ခပ်ချဉ်ချဉ် အတွေးများအားမကြားသော ဝသန် ကတော့ သူ့အတွေးနဲ့သူ ပျော်မြူး နေလေရဲ့။ ထူးထူးရဲ့အတွေးများသာ ကြားခဲ့ပါ က လည်း ၃နှစ်သား ကလေးသောဘာသော မတွေးဘဲ
နပမ်း ဖက်လုံးပေလိမ့်မည်။

ဝသန် အရင်ဆုံး ပြောင်းလဲရမည့် အရာမှာပုခုံးထိရှည်နေပြီဖြစ်သော ဆံပင်များပင်။ပုခုံးထိ ရှည်သော ဆံပင်များနှင့် ပြောင်ပြောင်လက်လက် အင်ကျီ တွဲသာဝတ်ပါကသေချာသည် ဇာတ်မင်းသား လုပ်ရန်
လာငှားကြ ပေလိမ့်မည်။ သို့သော် မည်သူမျှမလိုက်ဖက်ဟု မပြောရဲကြ..။

တစ်ရွာလုံး ကြောက်ရသော မင်းသူရ ကဲ့သို့မြေရှင်ကို  မည်သူ မှ အပြစ် မလုပ်ရဲ..။တစ်ကောင်ကြွက် လည်း ဖြစ်သော ကြောင့်
ဂရုစိုက် ပေးမည့် မိသားစုဝင်လည်း မရှိပေ..။

ဝသန် ကတော့ ပုံတုံး အတိုင်း မနေနိုင်။  ပထမဆုံး ဆံပင်ကို ရှေ့ဆံပင် အုပ်အုပ်ကလေးကိုမှ နားရွက် အပေါ်ဘက်တွင် ခပ်ရှင်းရှင်း
ဖြစ်စေကာ အနောက် ဂုတ်ရှင်းရှင်းလေးဖြစ်အောင် လုပ်လိုက်သည်..။

နဖူးပေါ်ကျနေသော ရှေ့ဆံပင်များကို ဆီမသုံးဘဲ လက်ချောင်းများ ကိုပင် သုံးကာပုံသွင်း လိုက်သည်။မင်းသူရ ၏ မျက်နှာလေး သည် ပိုပေါ်လာကာ လူငယ်ဆန်သော အငွေ့အသက်များ ရစေသည်..။

မင်းသူရ ဆံပင်များက နက်မှောင်ကာပျော့ပြောင်းသောကြောင့် ဆံပင်စ လေးအချို့သည် တစ်စွန်းတစ်စ ခုန်ဆင်း
နေသည်က နဖူးပြင် ပြေပြေ နှင့်လိုက်ဖက်လွန်းနေသည်..။

Second Chance(System) [Completed]Where stories live. Discover now