Arc-2.6

28.8K 3K 29
                                    

(Zawgyi)

Arc-2.6

ရုတ်တရက် ရင်ခွင်ထဲတိုးဝင်ကာ ခါးကို ဖက်လာသော ကောင်လေးကြောင့် Mira ကြောင်အသွား ရသည်။ Mira ပြန်တွန်းရန် ကြိုးစားသော်လည်း ခပ်ဖွဖွ ဖက်ထားဟန်ပေါ်သည့် လက်များက သန်မာ လွန်းသည်..။

လျင်မြန်စွာ ထိုးကျသွားသော အပူချိန်နှင့်အတူ ရေခဲတစ်မျှအေးစက်သော သေခြင်းအရှိန်အဝါ များ ထုတ်လွင့်လာမှုကြောင့် အနီးရှိသူများအားလုံး အသက်ရှူရပ်ချင်သလို ခံစားလိုက်ရသည်။ ဆွဲ ဆောင်မှုရှိသော နှုတ်ခမ်းစွန်းတစ်ဖက် တွန့်ကွေးသွားသည်နှင့်အပြိုင် ပြင်းထန်လာသော အရှိန်အဝါ များ...။

"အင့်..!.."

သန်မာသော လက်တစ်စုံမှ ဝသန့်အား ဇာတ်လိုက်မ ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်သောကြောင့် ဝသန့်ခင်ဗျာ အင့်..ကနဲ အသံနှင့်အတူ ကျယ်ပြန့်သော ရင်ခွင်တစ်ခုထဲသို့ ရောက်ရှိသွားရသည်။ ဝသန် လန့်ဖြန့်ကာ အတင်းရုန်းသော်လည်း ခါးမှကိုင်ကာ ဆွဲဖက်ထားသော လက်တစ်ဖက်အားကို မယှဉ်နိုင်။

ပိုမိုတင်းကျပ်လာသော အထိအတွေ့နှင့်အတူ နာကျင်လာမှုကြောင့် မျက်ရည်များပင် ရစ်သိုင်းလာ ရသည်။ ဝသန် မိမိအား ချုပ်နှောင်ထားသူအား မော့ကြည့်လိုက်သောအခါ...။

Leo..!..ဘာလဲဟ။ ဇာတ်လိုက်က သူ့မယားလောင်းလေးကို ဖက်လိုက်တာနဲ့ ဒီလိုဆွဲထုတ်ပြီး ချုပ် ထားစရာ မလိုပါဘူး..။ မျက်လုံးတွေကလဲ အေးစက်စက် ကြည့်နေလိုက်တာများ၊ လူသတ်ချင်နေတဲ့ အငွေ့အသက်တွေနဲ့..။ ပြဇာတ်ကရပါဦးမယ်ဆို အစီအစဉ်ပျက်ကုန်တော့မှာဘဲ..။

အကောင်ပေါက်က သူမရင်ခွင်ထဲဝင်သွားသည်နှင့် Leo ဘာမှမတွေးနိုင်ခင်မှာပင် ထိုနေရာသို့‌ ရောက်သွားကာ အကောင်ပေါက်ကို သူမရင်ခွင်ထဲမှ ဆွဲထုတ်၍ မိမိရင်ခွင်ထဲ ထည့်ထားလိုက်သည်။ အတင်းရုန်းကန်လာသော အကောင်ပေါက်က မိမိ ဒေါသများကို ဆွနေသလိုပင်..။

အနားမှာဘဲနေဖို့ မှာထားသော်လည်း စကားနားမထောင်သော အကောင်ပေါက်က သူများရင်ခွင် ထဲ တန်းတန်းမတ်မတ်ကို ပြေးဝင်သွားသည့်အပြင် ခါးပါ ဖက်ထားလိုက်သေးသည်။ Leo သည်းမခံနိုင် ပါ။အကောင်ပေါက်လေး ခင်တွယ်ရမည့် သူမှာ မိမိသာ။ ကလေးငယ် ချစ်ရမည့်သူကလည်း Leo ဆို သော မိမိသာ ဖြစ်ရမည်။ ဘာလို့ဆို အကောင်ပေါက် မင်း..က.. ကိုယ့်..အ..ပိုင်.. မို့...။

Second Chance(System) [Completed]Where stories live. Discover now