Arc-1.8

27.7K 3.2K 51
                                    

(Zawgyi)🍓🍓🍓🍓🍓

Arc-1.8

နှင်းဝေ ကိုလူချော အား စကား သွားပြောချင်သော်လည်း မိန်းကလေး မို့ စောင့်ထိန်းနေရ သည်။ ထိုသူ ကိုယ့်ဘက် ကြည့်လာလျင် အဆင်သင့် ပြုံးပြ နိုင်ရန် ကြံရွယ် ထား
သော်လည်း ထိုသူ့ အကြည့်များ က ဖြန့်ကျက်နေခြင်း မရှိဘဲ တစ်နေရာ ထဲတွင် သာ တည်တံ့ နေလေသည်။

မင်းသူရ ပြောပြ နေသည်များကို သေချာ ဂရုပြု နားထောင်ကာ၊ မင်းသူရ ကိုသာ နွေးထွေးသော အကြည့်များဖြင့် ကြည့်နေသော ကြောင့်ဒေါသများ ဆူဝေလာ ရသည်။

မင်းသူရ မျက်နှာ မြင်တိုင်း အမုန်းတရား များတိုးပွားနေသော မိမိကိုယ် မိမိလဲ နားမလည်။နားလည် ဖို့လဲ မကြိုးစားချင်ပါ။

နှင်းဝေ သိသည်က မိမိ မင်းသူရ ကို မုန်းသည်။မိမိလမ်းအား လာပိတ်ပါ က ရအောင်ဖျက်ဆီး ပြစ်မည်။

နှင်းဝေ အတွေးများဖြင့် နစ် နေစဉ် ဘေးမှသူဇာ ၏ အသံကို ကြားလိုက် ရသည်။

"ကိုမင်းသူရ လမ်းလျောက် ထွက်လာတာလား။ဒါကရော ဧည့်သည်လား ရှင့်"

မိမိ တို့ဆီ ဦးတည်ကာ နှုတ်ဆက်လာသောမသူဇာ ကြောင့် ဝသန် အလိုက်သင့်ပင် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် အစ်မ သူဇာရေ..ကျွန်တော့အစ်ကိုကို  ရွာထဲလိုက်ပြရင်း လေ။ ဒါကခွန်လတ်တဲ့ ကျွန်တော့် အစ်ကို။ အစ်ကိုခွန်လတ်ဒါက မသူဇာ၊ ဒါက နှင်းဝေ တဲ့ ရွာရဲ့
ကွမ်းတောင်ကိုင်လေ"

အပြုံးချိုချို ဖြင့် မိတ်ဆက် ပေးလာသောအကောင်ပေါက် ကြောင့် ခွန်လတ်စိတ်အခြေအနေ သိပ်မကောင်းတော့...။
လက်သီးကိုသာ တင်းတင်းစုတ် ထားလိုက်မိသည်။ ခွန်လတ် မိမိ စိတ်အား မိမိ ကြိုးစားကာ ထိန်းနေခြင်း။

ရှေ့မှ လှပစွာ ပြုံးပြ နေသော သူမကိုလဲမမြင်နိုင်တော့။ ခွန်လတ် တကယ် ကိုမကြိုက်ပါ။ အကောင်ပေါက် သည် မိမိ
တစ်ယောက် ထဲကို သာ ပြုံးပြ ရမည်။အကောင်ပေါက် ၏ အပြုံးလှလှ များသည်မိမိ တစ်ဦး တည်း အပိုင်။

ရုတ်တရက် ထိုးကျသွားသော အပူချိန် နှင့်အကြည့်စူးစူး တစ်ချို့ ကိုပါ ခံစား မိသောကြောင့် ဝသန် အစ်ကိုခွန်လတ် ဘက်သို့ ကြည့်လိုက် မိသော်လည်း နှင်းဝေ နှင့် မသူဇာ အား အေးဆေး နှုတ်ဆက် နေသော အစ်ကိုခွန်လတ်..။

Second Chance(System) [Completed]Where stories live. Discover now