Arc-1.4

30.4K 3.3K 159
                                    


(Zawgyi)🍓🍓🍓🍓🍓

Arc-1.4

"ခေါင်းဆောင်..ခေါင်းဆောင်...!!.."

ထွက်ခွာ သွားသော လူစုထဲမှ နီညိုရောင်ဝတ်ဆင်ထားသော ကောင်လေးအား မျက်စိတစ်ဆုံး လိုက်ကြည့်နေသောခေါင်းဆောင်ကြောင့် ဗလကြီး ထပ်မံ၍ အသံမြှင့်ကာခေါ်လိုက်ရသည်။

"ခေါင်းဆောင်..!!!.."

အတန်ကြာမှ တိုပြတ်သော ခေါင်းဆောင် ၏တုန့်ပြန်သံထွက်လာသည်။

"အင်း...ပြော..."

ဗလကြီး နှင့် သိုက်ထွန်း ပြုံးနေသောခေါင်းဆောင် ကြောင့် အံ့ဩနေရသည်။ခေါင်းဆောင် က ပြုံးတတ်တယ်..!!...။

ကျောချမ်းလာသော ခံစားချက်ကြောင့်ခေါင်းဆောင် မျက်နှာအား ထပ်မံ၍ မကြည့်ရဲတော့ပေ။ ခေါင်းငုံ့ ကာသာတင်ပြစရာ ရှိသော အကြောင်း များ ကိုတင်ပြ လိုက်သည်။

"ကျွန်တော်တို့ ပြောထားတဲ့ လုစုဆောင်းဖို့ကိစ္စ၊ အဲ့ဒါ ခေါင်းဆောင် ဆုံးဖြတ်ချက်လိုလို့ပါ "

တစ်စုံတစ်ရာ အား တွေးနေပုံပေါ်သောခွန်လတ် မျက်ဝန်း အကြည့် များလေးနက် သွားရသည်။ ဗလကြီး နှင့် သိုက်ထွန်း
အား ကြည့်ကာ ပြောလာ သည်က..။

"အင်း...ဒီတစ်ခေါက် လူစုဖို့ ကိစ္စကအရေးကြီးတယ်။ ငါကိုယ်တိုင်ဦးဆောင်လိုက်မယ်"

သေးငယ်သော ကိစ္စလေး အတွက်နှင့်တာဝန်များစွာ ယူ ထားသော ခေါင်းဆောင်အား မပင်ပန်း စေချင်သောကြောင့် သိုက်ထွန်း အလျင်အမြန်ပင် ပြောလိုက်သည်။

"ဗျာ..မဟုတ်တာ ခေါင်းဆောင်ရယ်...ဒီလောက်လေးများ ကျွန်တော်တို့ တာဝန်သာထားပါ ခေါင်းဆောင် "

"သိပ်လွယ်တဲ့ ကိစ္စ ဆိုပါလား......"

ခေါင်းဆောင် ဆီမှ လွင့်လာသော စူးရှသောအကြည့်နှင့် အေးစက် စက် အပြော ကြောင့် ချွေးအေးများ ပြန်နေသော သိုက်ထွန်း..။ဒူးများပင် တုန်လာရသကဲ့သို့ ခံစားရစေသောခေါင်းဆောင် ၏ အရှိန်အဝါ...။

Second Chance(System) [Completed]Where stories live. Discover now