Arc-7.9(Testing Life 2)

18.9K 2.2K 153
                                    

(Zawgyi)

Arc-7.9

ဝသန် ဆက်လျှံ ၏ အေးစက်စက်အပြောကြောင့် မျက်နှာပျက်သွားသော လေပြေ အား အနည်းငယ် အားနာသွား ရသည်။

 ထို့ကြောင့်ပင် ဆက်လျှံ ထွက်သွားသည်နှင့် မိမိအား စိတ်မကောင်းစွာ သူ မရည်ရွယ်ကြောင်း ပြောလာသော လေပြေ စကားကို အလိုက်သင့် နားထောင်ပေးနေ လိုက်သည်။ လေပြေ ဝိုင်တစ်ခွက်ကိုယူကာ ဝသန် ကိုလှမ်းပေးလိုက်သည်။

"ဝသန်...ဝိုင်..!!.."

ဝသန် ငြင်းချင်သော်လည်း သူမစိတ်မကောင်း ဖြစ်သွားမည် ဆိုးသောကြောင့် ယူကာ သောက် လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမက မွေးနေ့ရှင်မလား..~!!..။ အနည်းငယ် ရိပ် တိတ်တိတ် ဖြစ်လာ သော အခြေအနေကြောင့် ဝသန် စိတ်ကျည်းကျပ်ကာ ချွေးအေးများ ထွက်လာရသည်။ မိမိ ပုံစံအား သတိထား မိလာသော လေပြေက...။

"ဝသန် ရှင် စိတ်ကျည်းကျပ်နေရင် လသာဆောင်ဘက် သွားလို့ရတယ်နော်။ အဲ့နေရာက လူမရှိ တော့ လေကောင်းလေသန့်ရတယ်.."

ဝသန် လည်း အမှန်တကယ်ပင် နေထိုင်ရအဆင်မပြေသောကြောင့် လသာဆောင်ဘက်သို့ ထွက် လာ လိုက်သည်။ အမှန်တကယ်ပင် လေပြေ ပြောသကဲ့သို့ပင် မည်သူမှမရှိ အလင်းရောင် ဖျော့ဖျော့ သာ ရှိသည်။ တိတ်ဆိတ် ငြိမ်းချမ်းနေသော အခြေအနေအား ပေးစွမ်းနေ သည်။ 

သို့သော် ဝသန် အတွက်မူ လသာဆောင်၏ တိုက်ခတ်လာသော လေညှင်းသဲ့သဲ့က ဝသန့် အား မအေးချမ်းစေပါ။ ဝသန် စိတ် မသက်မသာမှုသာ ပိုမိုတိုးလာနေသောကြောင့် စိတ်ဖြေလျော့နိုင်ရန် ဆက်လျှံ အပြည့်တပ်ပေးထားကာ.. လုံးဝ မဖြုတ်ရန်မှာထားသော ကြယ်သီးအချို့အား ဆွဲဖြုတ်ထားလိုက်သည်..။

အိပ်ကပ်ထဲတွင် ထည့်ထားသော ဖုန်းဆီမှ အသံမြည်လာသောကြောင့် ဝသန် ဖုန်းခေါ် လာသူအား ကြည့်လိုက်တော့ ~~Husband~~။ ဝသန် ဖုန်းခေါ်လာသူ၏ နာမည်အား ကြည့်ကာ ဇဝေဇဝါ ဖြစ်သွား ရသည်။

"Hello..!!.."

"အကောင်ပေါက်..!!..ဘယ်မှာလဲ နေရာမှာလဲ.. မရှိဘူးကွာ..."

^^ဆက်လျှံ..?!!..^^

"ဆက်လျှံ ငါလသာဆောင်ဘက်မှာ။ နေရတာ တစ်မျိုးကြီးဖြစ်နေတာနဲ့ လေကောင်းလေသန့် ရ တယ် ဆိုလို့ ခဏနေနေတာ..."

Second Chance(System) [Completed]Where stories live. Discover now