Arc-7.3(Testing Life 2)

21.6K 2.4K 241
                                    

(Zawgyi)

Arc-7.3

ဝသန် မနက်ပိုင်း အိပ်ယာနိုးလာသောအခါ ကျောင်းသွားရမည် ဖြစ်သောကြောင့် အိပ်ချင်နေ သေးသော စိတ်များကို ဖျောက်ကာ မဖွင့်ချင်သေးသော မျက်ဝန်းများကို လက်ခုံ သေးသေးလေး နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပင် ပွတ်သုတ်ပြီး မျက်ဝန်းများ ဖွင့်လာစေရန် စွမ်းဆောင်လိုက်သည်။

အရင်နေ့များထက်ပင် ပိုမို၍နွေးထွေးသော အိပ်ယာထဲတွင် နေချင်သေး သော်လည်း ကျောင်း နောက်ကျမည် ဆိုးသောကြောင့် အိပ်ယာပေါ်မှထကာ ကိုယ်လက်သန့်စင်ရန် အတွက် ရေချိုးခန်းသို့ သွားရန် လုပ်လိုက်သည်။

 ဝသန် ဝှါးတစ်ချက်အား ဟန်ပါပါသန်းရင်း ကုတင်ပေါ်မှထရန် လုပ်လိုက် သည်။ သို့သော် ဝသန်ကိုယ်လေးသည် အိပ်ယာပေါ်သို့ ပြန်ပြုတ်ကျသွားရသည်။

ဝသန် ကြောင်တောင်တောင် ဖြစ်သွားရကာ နောက်တစ်ခါ ထရန်ကြိုးစား လိုက် သော်လည်း ခါးမှတင်းကြပ်သွားသော အထိအတွေ့နှင့်အတူ ဝသန် တစ်စုံတစ်ဦး၏ ရင်ခွင်ထဲတွင် ထည့်ဖက်ထား ခြင်း ခံလိုက်ရသည်။ ဝသန့် မျက်ဝန်းများ ထိတ်လန့်မှုကြောင့် တစ်ဖြည်းဖြည်း ပြူးကျယ်လာရသည်..။

^^ဘာလဲဟ..!!^^

ဝသန် ခါးမှ ချုပ်ကိုင်ထားမှုအား ငုံ့ကြည့်လိုက်သောအခါ သန်မာတောင့်တင်းသော ကြွက်သား

များဖြင့် ပြည့်နေသောလက်တစ်ဖက်။ ဖြူဖွေးသန့်စင်ကာ သွေးကြောစိမ်းစိမ်း များပင် ယှက်ဖြာနေသေး သည်။ ဝသန် ကိုယ်လေး တောင့်သွားရသည်။ နောက်ပါးမှနေ၍ ရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်း ဖက် ထားသောကြောင့် ဝသန် ထိုသူမျက်နှာအား မော့ ကြည့်၍ပင်မရ..။

ဝသန် အနည်းငယ် ကြောက်စိတ်ဝင်လာသောကြောင့် မိမိရောက်နေသော အခန်းအား မျက်စိကစား ကာ သေချာကြည့်လိုက်သောအခါ အနက်ရောင်များသာ အသုံးပြုထားပြီး တန်ဖိုးကြီးသော ပစ္စည်း များဖြင့်သာ ပြည့်နေသောအခန်းတစ်ခု။ 

မိမိအိပ်နေသော ကုတင်ပင်လျှင် အနက်ရောင်ဖြစ်ကာ စောင် တစ်ခု တည်းကိုသာ အနက်နှင့်ရွှေရောင် အနည်းငယ် ရောထားသော ပုံစံဖြင့်အသုံးပြုထားသည်။ ဝသန် စိုးကြောက်လာသော စိတ်အခြေအနေကြောင့် ဖက်တွယ်ထားသော တင်းကြပ်မှုမှ လွတ်မြောက်ရန် ရုန်း လိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now