Arc-2.10

28.4K 2.7K 50
                                    

(Zawgyi)

Arc-2.10

မြင်လိုက်ရသော အခြေအနေကို Joleတို့ နားမလည်တော့..။ ကလေးလေးက သွေးတွေနဲ့ လှဲ လျောင်းနေသည်။ ပြီးတော့.. သွေးတွေနှင့် သတိလစ်မတတ် ဖြစ်နေသာ Mira..။ ထို့ပြင် ခေါင်းဆောင်ကို ဒီလိုပုံစံနှင့် တစ်ခါမှ မမြင်ဖူးပေ..။ အညိုရောင်မျက်ဝန်းတွေက မှုန်မှိုင်းကာ အသက်မဲ့နေသည်။

ဘေးပတ်ပတ်လည်က အရာအားလုံးကို ဖျက်ဆီးတော့မည့် မဲမှောင်သော အရှိန်အဝါများကြောင့် မည်သူမှ အနားမကပ်ရဲကြ..။ အသိစိတ်လွှတ်နေသောကြောင့် အနားကပ်သွားသော သူတိုင်း သေဘေး သာ ရင်ဆိုင်ရပေလိမ့်မည်။ ဘာတွေဖြစ်ကုန်တာလဲကွာ..။

Jole တို့ ကလေးလေးဆီ အပြေးသွားကြည့်လိုက်ကြသည်။ မျက်နှာတစ်ခုလုံးဖြူလျော့ကာ မျက်လုံး များ မှေးမှိတ်ထားသော Jack..။ နှုတ်ခမ်းနှင့် နှာခေါင်းများတွင် သွေးများဖြင့် စွန်းပေနေသည်။ မနက် ကမှ အစ်ကိုတွေကို လာချွဲနေသေးသည်လေ..။ အပြုံးတောက်တောက်ကလေးတွေနဲ့ မျက်ဝန်းတွေ မှိတ် သည်အထိ ရီပြသွားသေးသည်လေ..။

ဘာ...ဘာလို့လဲ..!!!!....။ ဒီလိုအခြေအနေက Jole တို့အတွက် ခြောက်ခြားစေသည်။ အသက်... အသက်ရှူသေးရဲ့လား..!!..။ အလန့်တကြား အသက်ရှူ..မရှူ စစ်ကြည့်ရသည်။ အသက်ရှူနှုန်းသေး သေးလေးအား ခံစားမိမှသာ Jole တို့ Bro-con များ အသက်ရှူနိုင်တော့သည်။

ဘုရားသခင်..ကျေးဇူးပါ။ ကျွန်တော်တို့ ကလေးလေးကို ခေါ်မသွားလို့..။ Bro-con ၅ယောက်လုံး တစ်သက်လုံး မေ့လျော့နေခဲ့သော ဘုရားမှန်သမျှ တိုင်တည်ကာ ကျေးဇူးတင်နေမိသည်။

^^မဖြစ်သေးဘူး...ဒီလိုနေလို့....^^

ခေါင်းဆောင် အသိစိတ်ဝင်အောင် အရင်လုပ်ရမည်။ ကလေးလေးအတွက် ဆေးကုသမှု လိုနေပြီ လေ..။

"ခေါင်းဆောင်..Jack အသက်ရှူနေသေးတယ်..!!!..."

ထိုအသံက Mira လည်ပင်းမှ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်တစ်စုံကို ရပ်တန့်သွားစေ သည်။ အညိုရောင်မျက်ဝန်းများတွင် မျော်လင့်ချက် အရိပ်အရောင်များ ဖြတ်ပြေးသွားသည်။

တကယ်..တကယ်လား..!!..။ အကောင်ပေါက်လေး ကိုယ့်ကို ထားမသွားသေးဘူးပေါ့။ ကိုယ့်ဘေး မှာ ရှိနေသေးတယ်ပေါ့။ Leo မျက်ဝန်းများ မှေးမှိတ်ထားသော အကောင်ပေါက်လေးအား ရင်ခွင်ထဲ ဆွဲ ပွေ့ယူလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now