Arc-3.3

27.8K 2.9K 124
                                    

(Zawgyi)

Arc-3.3

ဝသန် သားသား ကို ဆေးခန်းပြပေးပြီးနောက် အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။ သားသား မိဘများသည် ဆင်းရဲသော်လည်း ဖော်ရွေကာ စိတ်ထား ဖြူစင်ကြသောသူများ ဖြစ်သော ကြောင့် ဝသန် ခင်မင်သွားရသည်။

အချိန်တစ်ခဏ ကြာသည်အထိ စကားပြောပြီးနောက် သားသား မိဘများအား နှုတ်ဆက်ကာ မိမိ တိုက်ခန်းလေးဆီသို့ ပြန်ရန် လုပ်လိုက်သည်။ ဝသန် တိုက်ခန်းသို့ မပြန်ခင် ဈေးသို့ အရင်ဝင်လိုက်သည်။ အချက်အပြုတ်သင်ပြီး နောက်ပိုင်း ဝသန် ကိုယ်တိုင် ချက်ပြုတ်စားရသည်ကိုသာ စိတ်တိုင်းကျလာသည် လေ..။

ဈေးတွင် လိုအပ်သောပစ္စည်းများ ဝယ်ခြမ်းပြီးနောက် တိုက်ခန်းသို့ ပြန်လာခဲ့သည်။ တိုက်ခန်းသို့ ရောက်သည်နှင့် ချက်ပြုတ်စားသောက်၊ TV ကြည့် အနားယူခြင်းဖြင့် နေ့တစ်နေ့ကို သက်တောင့်သက် သာပင် ဖြတ်သန်းခဲ့သည်။

----------------

နန်းတော်တစ်မျှ ကြီးကျယ်ခမ်းနားကာ လှပလွန်းသော အဖြူရောင် စံအိမ်တော်ကြီး တစ်လုံး..။ လူတစ်ရပ်မက မြင့်မားကာ ခိုင်ခံ့သော အုတ်တံတိုင်းကြီးဖြင့် ကာရံထားသည်။ အုတ်တံတိုင်းကြီး၏ အပေါ်ဘက်တွင်မူ သံစူးကြိုးများဖြင့် ရစ်ခွေထားသည့်အပြင် တံတိုင်းတစ်လျောက် ဗို့အားပြင်းသော လျှပ်စီးများ လွှတ်ထားသေးသည်။ ကျယ်ဝန်းသော ခြံဝန်းတစ်လျှောက် ကင်းလှည့်နေသော ခွေးကြီးများ ကလည်း ကြောက်မက်ဖွယ်။

စံအိမ်တော်ကြီး၏ ပတ်လည်တွင် စိမ်းစိုနေသော အပင်ကြီးများက ဝန်းရံထားကာ တောအုပ်ငယ် လေး တစ်ခုနှင့်ပင် ဆင်တူသည်။ ကျယ်ဝန်းသော ခြံကြီးကြောင့် ဂိတ်တံခါးမှနေ၍ ၁၀ မိနစ်ခန့် ကား ဖြင့်သွားမှသာ စံအိမ်တော်ဆီသို့ ရောက်မည်ဖြစ်သည်..။

စံအိမ်တော်ကြီး အတွင်းတွင်မူ အိမ်တော်အရှင်သခင်သည် အနက်ရောင်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားကာ ဧည့်ခန်းအလယ်ရှိ ဆိုဖာတွင် ထိုင်နေလေသည်။ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ လွှမ်း နေသော ထိုသူ၏ ရှေ့တွင်မူ Suit အပြည့်အစုံဝတ်ထားသော သူနှစ်ဦးသည် သတင်းတစ်ခုအား တင်ပြ နေလေသည်။ စံအိမ်တော်ကြီး၏အရှင်သခင်သည် မျက်ဝန်းများကို မှေးမှိတ်ကာ တင်ပြနေသောသတင်း ကို နားထောင်နေလေသည်။

Second Chance(System) [Completed]Where stories live. Discover now