Arc-6.16(Testing Life 1)

19.1K 2K 128
                                    

(Zawgyi)

Arc-6.16

အစားစားနေရင်း ရုတ်တရက် အသက်ရှူကြပ်လာပုံရသော Four ကြောင့် ကြံရာမရသည့်အဆုံး Roy.. four အား ပွေ့ချီကာ အနီးနားရှိဆေးရုံတစ်ခုသို့သာ ခေါ်လာပေးလိုက်သည်။

"Doctor သူအစားစားရင်း ရုတ်တရက် လဲကျသွားတာ ဘာဖြစ်တာလဲ..."

Doctor Four အား စစ်ဆေးပေးကာ...

"သူ ဂဏန်း စားမိသေးလား...?.."

Roy ခေါင်းငြိမ့်ပြလိုက်သည်။ မိမိ ကိုယ်တိုင် အသားနွင်ပေးလိုက်ခြင်း မဟုတ်လား။

"စားလိုက်မိတယ် doctor.."

Doctor သက်ပြင်းဖွဖွချကာ Roy အားပြောလာသည်။

"သူက ဂဏန်းနဲ့ လုံးဝမတည့်ဘူးလေ။ ဆေးပါ ဆောင်ထားပုံရ သူလဲသိပုံပါ။ ဘာလို့ စားရတာလဲ.. အချိန်မှီ ရောက်ပေလို့ မဟုတ်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ နောက်တစ်ခါ သေချာဂရုစိုက် ပေး ပါနော်..."

Roy အပြစ်မကင်းသလို ခံစားလိုက်ရသည်။ မိမိသာ ဂဏန်းမကျွေးမိလျှင်၊ မိမိသာ သွားမစမိရင် Four လည်း အာရုံထွေပြားကာ စားမိမည်မဟုတ်..။ Roy.. doctor အား လေးလေးနက်နက် ကတိပေး လိုက်သည်...။

"ဟုတ်ကဲ့ နောက်ဘယ်တော့မှမဖြစ်စေရပါဘူး Doctor..."

လူငယ်လေး၏ ပြတ်သားသော မျက်ဝန်းများကြောင့် Doctor စိတ်ချသွားရသည်။

"ဆေးချိတ်ထားတာ ကုန်သွားရင် ဆေးရုံ ဆင်းလို့ရပါပြီ..."

Roy doctor အား ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် doctor..."

Doctor ထွက်သွားသောအခါ ဆေးရုံခန်းလေးတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော Four နှင့် Roy သာ ကျန်ခဲ့လေသည်။ Roy..Four ၏ အခြေအနေအား Z ကို ပြောပြရန် ph ခေါ်လိုက်သည်။ Four ၏ မိသားစုကို Z သာ အကြောင်းကြား အသိပေးနိုင်မည် မဟုတ်လား...?..။

ထူးဆန်းစွာ မိမိအား ph ခေါ်လာသော Roy ကြောင့် Z မျက်မှောင်တစ်ချက် ကြုတ်သွားရ သော် လည်း Ph အား ပြန်ဖြေလိုက်သည်။

"အင်း..~!!.."

တစ်ဖက်မှ hello တောင်မဟုတ်ဘဲ အင်းတစ်လုံးသာပြောကာ ချေလွန်းသော Z ကြောင့် Roy ရေ မသောက်ဘဲ နင်သွားရသည်။ Roy အင်တင်တင်ဖြင့်သာ လိုရင်းအား ပြောလိုက်သည်။ မိမိဖြစ်စဉ် တစ်ခု လုံးအား ပြောပြီးသောအခါ ချစ်စရာယောက်ဖဆီမှ ပြန်ပြောလာသော စကားက..

Second Chance(System) [Completed]Where stories live. Discover now