Arc-4.7

21.9K 2.5K 75
                                    

(Zawgyi)

Arc-4.7

"သခင်မလေး..သခင်လေးက ခြံထဲဆင်းခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်..."

သျှားမေ ၏ နေ့စဉ်ဘဝသည် စာအုပ်များကိုသာ အဖော်ပြုရင်း ကုန်ဆုံးနေသည်မှာ မိဘများ ဆုံးပါးသွားပြီးကတည်းက ဖြစ်သည်။ အစ်ကိုဖြစ်သူက လိုလေသေး မရှိအောင် ဖြည့်စည်းပေးလေ့ ရှိသော် လည်း သီးသန့်နေတတ်သူ ဖြစ်သော ကြောင့် သျှားမေ တစ်ယောက်ထဲ ဖြစ်နေရသည်က များသည်။

ယခုမူ...အစ်ကိုဖြစ်သူမှ ခေါ်ခိုင်းလိုက်သည်ဆိုသောကြောင့် သျှားမေ အံ့သြသွားရသည်။ သျှားမေ ကိုကို စစ်တလင်းကို အလွန်ချစ်သည်..။ သျှားမေ ဖတ်လက်စ စာအုပ်ကို ချကာ ကိုကို ရှိနေမည့် ခြံထဲသို့ ဆင်းလာခဲ့သည်..။ သျှားမေ ခြံဝန်းထဲသို့ရောက်သောအခါ တစ်ခြံလုံး မှောင်မဲနေကာ ထူးခြားစွာ လူသူ ကင်းမဲ့နေသောကြောင့် တစ်မျိုးဖြစ်သွားရသည်။ ကိုကို စစ်တလင်း ကိုပင် မတွေ့ရ..။

"ကိုကို...ကိုကို...ဘယ်မှာလဲ...."

သျှားမေ အသံပြုကာ ကိုကို စစ်တလင်းအား ခေါ်လိုက်စဉ် ငြိမ့်ညောင်းသော တယောသံက ထွက် ပေါ်လာသည်။ တယောသံမှာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေသော သီချင်းသံ ဖြစ်သည်။ သျှားမေ ကြောင်တောင်တောင် ဖြစ်သွားရသည်။ ဘယ်သူက မိမိတို့ စံအိမ်တွင် တယောလာ ထိုးနေတာလဲ..။

သျှားမေ အတွေးလွန်နေစဉ်မှာပင် သာယာသော တယောသံမှာ ပြီးဆုံးသွားလေသည်။ တစ်ဆက် တည်းပင် ခြံဝင်းတစ်ခုလုံး မီးများပြန်လင်းလာသောအခါ မြင်လိုက်ရသည်က အဖြူရောင် တယောလေး

အား လက်ထဲတွင်ကိုင်ထားကာ နွေးထွေးစွာ ပြုံးပြနေသော ကိုကိုစစ်တလင်း...။

"Happy birthday..ခွေးပေါက်လေး..."

သျှားမေ ပျော်လွန်း၍ မျက်ရည်များ ယှက်သိုင်းလာရသည်။

"ကိုကို အဟင့်~ဟီး...."

မိမိ ခါးအားဖက်ကာ အော်ငိုလာသော ချစ်စရာကလေးမလေးကြောင့် ဝသန် အသံထွက်အောင်ပင် ရီမိသည်။ ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွဆွဲကာ...

"အာ~~ကိုကို့ ခွေးပေါက်လေးက အငိုသန်လိုက်တာ..၊ ကြည့်ပါဦး ကြောင်ချေးရုပ်လေး ဖြစ်နေပြီ ဟားဟား..."

Second Chance(System) [Completed]Where stories live. Discover now