Arc-5.20

19.5K 2.1K 103
                                    

(Zawgyi)

Arc-5.20

"ကိုယ့်မိဖုရားလေး.."

ဆိုသော မှော်နက်ဘုရင်၏ အသံကြားသည်နှင့် ရှန်း ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ အသားယူလွန်းသော ထိုသတ္တဝါလေးကို ရှန်း မျက်နှာခြင်း မဆိုင်ရဲသေးပါ..။ ထို့ကြောင့် ရှန်း ထွက်ပြေးနေခဲ့ခြင်း ဖြစ်သည်။ ယခုလည်း ရှန်း ဥယျာဉ်တော်ဘက်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

"ဟူး...!!..တော်သေး..လွတ်လာလို့..."

သို့သော် ရှန်း ပျော်နေတာလေးသည် တာရှည်မခံလိုက်ပါ..။ နောက်ပါးမှ တင်းကျပ်စွာ သိုင်းဖက် လိုက်သော သန်မာသော လက်တစ်ဖက်ကြောင့် ရှန်း မျက်ဝန်းများ ပြူးကျယ်သွားရသည်။ လည်ပင်းနား မှ ခံစားမိသော အသက်ရှူသံနွေးနွေးကြောင့် ရှန်း နည်းနည်းလေးမှပင် မလှုပ်ရဲ...။ ရှန်း တစ်ယောက် မျက်လုံးများမှာ ပြူးရလွန်း၍ gravity အပြင် ဘက်ပင် ရောက်လုနေပြီဖြစ်သည်။

ရှန်း ရုန်းကန်လိုက်သော်လည်း မှော်နက်ဘုရင်၏ လက်တစ်ဖက်အားကို မယှဉ်နိုင်..။ အေးဆေးစွာ ရုန်းကန်ခွင့်ပေးထားသော မှော်နက်ဘုရင်က အပြုံးတစ်ခုဖြင့်သာ ရှန်းကို တမြတ်တစ်နိုး ငေးကြည့်နေ လေသည်။ ရှန်း မျက်နှာမှာ တဖြည်းဖြည်း အရောင်ရင့်လာရသည်။

ဒီကလေး ဘာကြောင့်များ ဒီလောက်သန်မာလာရတာလဲ..။ ထိုစကားကိုသာ စိတ်တွင်းကျယ် လောင်စွာ အော်ဟစ်နေမိသည်...။

မှော်နက်ဘုရင် ရှန်း ၏ နားရွက်ဖျားလေးအား ခပ်ဖွဖွ ကိုက်လိုက်သောအခါ တုန်တက်သွားသော ရှန်း ကိုယ်လေးကို တင်းတင်းကျပ်ကျပ် ဖက်ပြစ်လိုက်သည်။

"ကဲ.. ကိုယ့် မိဖုရားလေး ကစားလို့ဝပြီလား.."

အေဒီ ၏ တိုးရှရှစကားသံက ရှန်း အတွက် စကားများထစ်သွားစေရန် လုံလောက်သည်။

"အေ..အေဒီ..!!!.."

"စကားတွေထစ်နေပြန်ပြီလား..။ ကိုယ့် ကြင်ယာတော်လေးက ဘာဖြစ်လို့ပါလိမ့်.."

ခပ်ပြုံးပြုံးဖြင့် ရှန်း၏ ပါးဖောင်းဖောင်းလေးများကို ရန်ရှာလာသော မှော်နက်ဘုရင်၏ နှာခေါင်း များကြောင့် ရှန်း ကိုယ်လေးတောင့်သွားကာ အသက်ရှူပင်အောင့်လိုက်မိသည်။ ဘာလုပ်တာလဲဟ...?.။ သိသိသာသာ တွန့်တွန့်သွားသော ရှန်း ကိုယ်လေးက အေဒီ ကို အတွေးဆိုးများ ဝင်လာစေသည်။

Second Chance(System) [Completed]Where stories live. Discover now