Arc-5.22

18.5K 2.1K 110
                                    

(Zawgyi)

Arc-5.22

အသည်းအသန် ထွက်ပြေးသွားသော ရှန်းကြောင့် မှော်နက်ဘုရင် မျက်ဝန်းများ မည်းမှောင်သွား ရသည်။ ကျွန်တော်အနားကပ်တိုင်း ကိုကိုက ထွက်ပြေးနေတော့မှာလား ဗျာ..!!..။ မှော်နက်ဘုရင်၏ မကောင်းသော စိတ်အခြေအနေကြောင့် ပတ်ဝန်းကျင်အပူချိန်ပါ ကျဆင်းလာရသည်။ သိသိသာသာ အေးစိမ့်နေသော လေထုကြောင့် ဝသန် ကိုယ်လေး တုန်သွားရသည်။

^^အေးလိုက်တာ...!!!.^^

ကိုယ်လေးတုန်သွားသော ပါးပါးအား ကြည့်ကာ ရိုင်ယန် မျက်ဝန်းများ မည်းမှောင်သွားရသည်။ သူ့ဘာသာ အသုံးမကျတာကို ငါ့ ပါးပါး အအေးမိအောင် လာလုပ်နေတယ်..။ မှော်နက်ဘုရင်အား အကြည့်စူးစူး တစ်ချက်ပေးကာ ပါးပါး ကိုယ်လေးအား ရင်ခွင်ထဲ ဆွဲသွင်း၍ မိမိစွမ်းအင်ဖြင့် အနွေးဓာတ် ရအောင် လုပ်ပေးလိုက်သည်။ ပါးပါး အအေးမိလို့မဖြစ်ပါ မိမိတို့ လုပ်စရာများများစွာ ရှိနေသေးသည်။

ရိုင်ယန် မှော်နက်ဘုရင်၏ အဖြစ်အား ကြည့်ကာ စိတ်ကုန်လာရသည်။ ဒီအဖိုးကြီး တုံးလွန်းသည်။ ရိုင်ယန် မှော်နက်ဘုင်ရင်၏ နားနားကပ်ကာ တစ်စုံတစ်ခုအား တီးတိုးပြောပြလိုက်သည်။ အတွေးလွန် နေသော မှော်နက်ဘုရင်သည် ရိုင်ယန်၏ စကားကို ကြားပြီးနောက် ထူးဆန်းသော အပြုံးကြီးကြီးဖြင့် တစ်နေရာသို့ ဦးတည်ထွက်သွားလေသည်။

ဝသန် အမှန်တကယ် သိချင်သွားရသည် ယန်လေး က ဘာများပြောလိုက်လို့ ဤသို့ ထူးဆန်း ကြောက်မက်ဖွယ် အပြုံးကြီး ဖြစ်လာရတာလဲ.."

"ယန်လေး..ဘာပြောလိုက်တာလဲဟင်..."

အလွန်သိချင်နေသော မျက်နှာလေးဖြင့် မျက်ဝန်း တောက်တောက်လေးများကို ပုတ်ကလက် ပုတ်ကလက် လုပ်ကာမေးလာသော ပါးပါး ကြောင့် ရိုင်ယန် မျက်ဝန်းများ အရောင်ရင့်သွားရသည်..။

အသက်ကို ပြင်းပြင်းရှူကာ ဖြစ်ပေါ်လာသော စိတ်ရိုင်းများကို ထိန်းချုပ်လိုက်သော်လည်း ပါးပါး ၏ စိတ်ပူနေသော မျက်ဝန်းနက်နက်များ၏ အကြည့်တစ်ချက်တွင်ပင် တင်းထားသော စိတ်ကလေးများ ခွမ်းကနဲ ကျကွဲသွားရသည်။ ရိုင်ယန် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now