Arc-6.23(Testing Life 1)

17.8K 2.1K 238
                                    

(Zawgyi)

Arc-6.23

Z အတွက်တော့ ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်..။ သွေးအိုင်ထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေသော အကောင်ပေါက်လေးက Z ၏ အာရုံခံစားနိုင်သော အသိစိတ်မှန်သမျှကို ရပ်တန့်သွားစေသည်။ 

အသက်ရှူဖို့ပင် မသိတော့..။ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသော စိတ်အခြေအနေကြောင့် Z နေရာတွင်ပင် ရပ်တန့်နေမိသည်။

Roy ကလေးလေး ၏ ပုံစံကြောင့် ချက်ချင်းပင် အနားသို့ အပြေးသွားလိုက်သည်။ ကလေးလေး ၏ အသက်ရှူသံ ခပ်နှေးနှေးအား ခံစားမိမှသာ Roy သက်ပြင်းမောကို ချနိုင်တော့သည်။

 Roy... Z အား ကြည့်လိုက်သောအခါ အသိစိတ်လွတ်နေသော သူကဲ့သို့ ဖြစ်နေသော Z..။ Roy ဒေါသတကြီး အော်ပြစ် လိုက်သည်။ ကလေးလေးအား ဆေးရုံပို့ရမည် ဖြစ်သောကြောင့်ပင်..။

"Z မင်းဘာလုပ်နေတာလဲ ကလေးလေးကို ဆေးရုံပို့ဖို့လုပ်လေ..~~!!!.."

ထိုအခါမှသာ Z ၏ ရေသေကဲ့သို့ ဖြစ်နေသော မျက်ဝန်းများသည် ကလေးလေးဆီသို့ ရောက်လာ လေသည်။ Roy ၏ ဒေါသတကြီး အော်ဟစ်သံကြားမှသာ Z အသိပြန်ဝင်လာရသည်။ Z ၏ တွက်ချက် နိုင်စွမ်းများ ထိုမှသာ ပြန်လည် လည်ပတ်လာရတော့သည်။

^^အကောင်ပေါက်လေးက ငါ့ကို ထားသွားမဲ့သူမဟုတ်ဘူး..။ ငါ့ အကောင်ပေါက်လေး ဘာမှဖြစ်မှာ မဟုတ်ဘူး...^^

Z အကောင်ပေါက်လေးအား ပွေ့ချီကာ ကားနောက်ခန်းသို့ ဝင်လိုက်သည့်နှင့် မောင်းသူနေရာတွင် နေရာယူလိုက်သော Roy..။ ထိုနေရာမှ လျင်မြန်လွန်းသော အရှိန်ဖြင့် မောင်းထွက်သွားလေသည်။ ကား မထွက်ခင် Z.. Four အား တည်ငြိမ်ကာ ထက်ရှနေသော မျက်ဝန်းများဖြင့် Dark Flame ဂိုဏ်း၏

အဆောက်အဦးအား ကြည့်ကာ ပြောလိုက်သည်။

"ငါDark Flame ဂိုဏ်းဆိုတာကို ပျောက်ကွယ်သွားစေချင်တယ်..။ ပြီးတော့.. QX Club ရဲ့ ပိုင်ရှင် က ဂိုဏ်းပေါင်းစုံ အစည်းအဝေးခေါ်တယ်လို့ ကြော်ငြာလိုက်..."

"ကောင်းပါပြီ သခင်ကြီး..."

Four သခင်ကြီးပေးသော တာဝန်အတိုင်း လုပ်ဆောင်ရန် Dark Flame တွင် နေခဲ့လိုက်သည်။ မိမိအား ဂရုစိုက်ရန်မှာလိုသော မျက်ဝန်းများဖြင့် တစ်ချက်ကြည့်ကာ ကားအား အရှိန်ပြင်းစွာ မောင်း ထွက်သွားသော Roy..။ Four သိပါသည် Roy သခင်လေး ဝိုင်နီ အား အလွန် စိုးရိမ်နေမှန်း..။

Second Chance(System) [Completed]Where stories live. Discover now