Arc-4.9

20.2K 2.4K 59
                                    

(Zawgyi)

Arc-4.9

ဝသန် ၏ နေ့ရက်များသည် ကလေးနှစ်ကောင်အား ထိန်းရသော အမေ ဘဝသို့ ရောက်မှန်းမသိ ရောက်သွားရသည်။ အချင်းချင်း ရန်စောင်နေတတ်သော ကလေးကြီး နှစ်ယောက် ၏ ပြသနာများသာ နေ့တိုင်းရှင်းနေရသည်။

အချင်းချင်း ရန်ဆောင်နေကြသော်လည်း နောက်ကွယ်တွင်တော့ တစ်ယောက်ကောင်းကြောင်း တစ်ယောက် ပြောကြသည်..။ မျက်နှာချင်းဆိုင်မှသာ ရန်သူတွေ ဖြစ်သွားကြခြင်း ဖြစ်သည်။

အခုဆို သျှားမေ ပင် ထက်မြက်လှပသော ၁၇နှစ်အရွယ် မိန်းမပျိုလေးပင် ဖြစ်နေပြီ ဖြစ်သည်။ စစ်တလင်း ကဲ့သို့ လှပသောမျက်နှာလေးနှင့် ခါးလယ်ခန့်ရှိသော အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင် သည်။ စိမ်းဖန့်ရောင် မျက်ဝန်းများနှင့် အနီရောင် နှုတ်ခမ်းဖူးဖူးလေးက သျှားမေ ၏ အားသာချက်ပင်..။ သျှားမေသည် အလွန်လှပသော မိန်းမပျိုလေး အဖြစ် ကြီးပြင်းလာခဲ့သည်..။

ရုပ်ရည်အရသာ စစ်တလင်းဖြင့် တူသော်လည်း အကျင့်များမှာ သောက်ကျိုးနည်း မင်းမဟော် အတိုင်းပင်...။ မိမိ ခွေးပေါက်လေးကို သူ့အကျင့်များ ကူးအောင် လုပ်ထားလေသလားတော့ မသိ..။ အကျင့်မကောင်းတဲ့ အဘိုးကြီး..။

ကုန်လွန်သွားသော ၂နှစ်ဆိုသည့် အချိန်အတွင်း ပျောက်ချက်သားကောင်းနေသူမှာ ရှိန်းနွေ ပင်..။ ထူးထူး ပြောပြချက်အရ အလွန် ဆိုးသွမ်းသောကြောင့် ချုပ်နှောင်ထားသော သမန်းဝံပုလွေတစ်ကောင် အား လွှတ်ပေးလိုက်သည်တဲ့..။ ထိုနောက်ပိုင်းတွင် ရှိန်းနွေ နှင့် သမန်းဝံပုလွေ ထိုနှစ်ယောက်လုံး၏ သတင်းအား မကြားရတော့ပေ...။

"Morning...ကိုကို..."

ဝသန် အတွေးလွန်နေစဉ် ပါးတစ်ဖက်ပေါ်သို့ ကျလာသော အနမ်းတစ်ပွင့်နှင့်အတူ သျှားမေ၏ နှုတ်ဆက်သံ လွင်လွင်လေးကြောင့် ဝသန် ပြုံးမိသည်။

ဝသန် သျှားမေ ၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်..။ ထိုစဉ် နောက်ပါးဆီမှနေ၍ ကြောက်မက်ဖွယ် အသံကျယ်တစ်ခုက ထွက်လာသည်..။

"ခွေးပေါက်မ..!!!..နင်..ငါ့ အကောင်ပေါက်လေးကို မနမ်းနဲ့လို့ ပြောထားတယ်လေ..."

Second Chance(System) [Completed]Where stories live. Discover now