Arc-7.12(Testing Life 2)

18K 2.2K 166
                                    

(Zawgyi)

Arc-7.12

DR group ၏ သိုသိပ်စွာသာ နေထိုင်တတ်သော CEO ဆက်လျှံရှင် ၏ လက်ထပ်ပွဲကြောင့် စီးပွား ရေးလောက တစ်ခုလုံးသာမက ဆက်လျှံရှင် ၏ ထောက်ခံပေးမှုအား လိုချင်နေကြသော နိုင်ငံရေးသမား များပါအလွန် စိတ်ဝင်စားနေကြသည်။

AD university မှ သူများသည်လည်း ကျော်ကြားလှသော CEO ကြီးသည် မိမိတို့နှင့် အသက်အရွယ် တူယုံသာမက အတန်းဖော်ပါ ဖြစ်သောအခါ အလွန် အံ့သြနေကြလေသည်။ 

ကောင်မလေးများ၏ အသည်းများအား ချနင်းသွားသော ကောင်ချောလေး နှစ်ယောက်ကြောင့် သမီးရှင်များလည် ငိုချင်းချနေ ကြရသည်။ ကောင်လေးနှစ်ယောက်၏ လက်ထပ်ပွဲ ဖြစ်သောကြောင့် အမျိုးမျိုး ထင်ကြေးပေးနေကြ လေ သည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ရိုက် Live လွင့်သော Wedding ပွဲလေးမှ သတို့သားလေး နှစ်ယောက် ၏ လိုက်ဖက်လွန်းမှုနှင့် ရိုးရှင်းလှပသော အပြင်အဆင်လေးများသည် လူအများ၏ စိတ်တွင် ထင်ကျန် ရစ်နေသော လှပသည့် မှတ်ညဏ်လေးပင်..။

မိုးသောက် အတွက်မူ ထိုမုန်းစရာကောင်းလောက်အောင် လိုက်ဖက်နေမှုအား မခံစားနိုင် ဖြစ်နေရ သည်။ မိုးသောက် ငယ်ငယ်ကထဲကပင် အလုပ်များသော အဖေနှင့် ကလေးအား ဂရုမစိုက်သော အမေ ဖြင့် ကြီးပြင်းခဲ့ရသည်။ မိုးသောက် မေမေအတွက် မိုးသောက် သည် ဖေဖေ့အား ချုပ်ကိုင်နိုင်သော ခလုတ်တစ်ခုသာ..။

ဖေဖေရှေ့တွင် မိုးသောက်အား အလွန်ဂရုစိုက်သော မေမေသည် ဖေဖေ မရှိသော နေ့ရက်များတွင် မိုးသောက် နေမကောင်းဖြစ်ကာ သတိလစ်သွားသည့်တိုင် လျစ်လျူရှုနေခဲ့သူ ဖြစ်သည်။

 မိုးသောက် အလယ်တန်းတွင် မေမေသည် ဖေဖေဆီမှ စည်းစိမ်တစ်ဝက်ခွဲကာ သာယာမှုနောက် ပျော်ပျော်ကြီးပင် လိုက်သွားခဲ့သည်။ မိုးသောက် မိမိအား ကျောခိုင်းသွားသော မေမေအား မျက်ဝန်းသေများဖြင့်သာ ကြည့် နေခဲ့သည်။ သေချာသည်က မိုးသောက် နှလုံးသားများ ထိုအချိန်ထဲကပင် အေးခဲသွားခဲ့သည်။

ဖေဖေသည် မိုးသောက်အတွက် အချိန်ပေးရန် ကြိုးစားခဲ့သော်လည်း များပြားလွန်းသော ဖေဖေ ၏ အလုပ်များကြောင့် အချည်းနှီးသာ..။ 

Second Chance(System) [Completed]Where stories live. Discover now