Arc-7.20(Testing Life 2)

16.5K 1.9K 146
                                    

(Zawgyi)

Arc-7.20

တိတ်ဆိတ် ငြိမ်သက်ခြင်းများသာ ပိုင်စိုးနေသော ညသန်းခေါင်ယံ အချိန်တွင်... တစ်နေရာမှ ဦးတည်လာသော အနက်ရောင် နှင့် အနီရောင် ရောနှောနေသော အခိုးအငွေ့များသည် သူ၏ ဦးတည်ရာ ပန်းတိုင်ကို သိသည့်အလား ကြီးမားသော ခြံဝန်းကျယ်ကြီး၏ တံခါးမှ ဖြတ်ကာ ခန်းနားလှပသည့် စံအိမ် တော်ကြီး၏ အပေါ်ဆုံးထပ်သို့ ဦးတည် တိုးဝင်လာလေသည်။

အပေါ်ထပ်ရှိ အခန်းကျယ်ကြီး၏ King size အိပ်ယာကြီးပေါ်တွင် ကောင်လေး နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ဖက်တွယ်ထားရင်း အိပ်မောကျနေလေသည်။ ထိုအခန်းကျယ် ထဲသို့ ရောက်သာအခါ အနက်ရောင် နှင့် အနီရောင် ရောနှောနေသော အခိုးအငွေ့များသည် ပိုမို အား ကောင်းလာကာ သိပ်သည်းဆ များလာလေသည်။

ထိုအခိုးအငွေ့များသည် ကုတင်ပေါ်တွင် အိပ်ပျော်နေသော ကောင်လေး နှစ်ယောက်မှ တစ်ယောက်၏ ကိုယ်ခန္ဓာဆီသို့ ဦးတည်တိုးဝင်ကာ ရစ်ပတ်ရန် ကြိုးပမ်းလိုက်လေသည်။ 

သို့သော် ထို ကောင်လေး ၏ ခြေထောက်တွင် ဝတ်ဆင်ထားသာ နဂါးနှစ်ကောင်ပုံရှိသော ခြေကျင်းလေးမှ နဂါး နှစ်ကောင်မှာ အသက်ဝင်လာလေသည်။ ထို့နောက် အပြာနုရောင် အလင်းတန်းအချို့ဖြင့် ထိုကောင် လေး ၏ ကိုယ်အား လွှမ်းခြုံပြစ်လိုက်ကာ အကာအကွယ် တစ်ခုအား တည်ဆောက်လိုက်သည်။

ထို့နောက် အခိုးအငွေ့များအား ပြန်လည်တုန့်ပြန် တိုက်ခိုက်မှုကို ပြုနေလေသည်။ အနက်ရောင်နှင့် အနီရောင် ရောနှောနေသော အခိုးအငွေ့များနှင့် အပြာနုရောင် အလင်းတန်းအချို့ ပေါင်းစပ်ကာ ယှဉ် ပြိုင်နေသော မြင်ကွင်းသည် အနည်းငယ် စိတ်ခြောက်ခြားဖွယ်ရာ အခြေအနေအား ဖန်တီးနေသည်။ သို့သော် ကောင်လေးနှစ်ဦးမှာတော့ တစ်စုံတစ်ရာက ကာဆီးထားပေး သကဲ့သို့ လုံးဝ နိုးလာခြင်း မရှိ ပေ..။

အချိန်အတန်ကြာသည်အထိ အားပြိုင်နေကြပြီးနောက် ရုတ်တရက် ပေါ်လာသော... ရွှေအိုရောင် အလင်းစွမ်းအင်တစ်ခုသည် အားပြိုင်နေကြသော စွမ်အင်များကို ကျော်လွန်ကာ ထိုကောင်လေး၏ ခန္ဓာ ကိုယ်အတွင်းသို့ တိုးဝင် ပျောက်ပြယ်သွားလေသည်။ 

Second Chance(System) [Completed]Where stories live. Discover now