Arc-7.22(Testing Life 2)

16.1K 1.8K 27
                                    

(Zawgyi)

Arc-7.22

အမေဖြစ်သူ ဆေးရုံရောက်နေသည်ဆိုသော သတင်းက လေပြေကို အနည်းငယ်တော့ တုန်လှုပ် စေသည် မှာအမှန်ပင်..။ လေပြေ ဘယ်လာက်ပင် သူမအား သဘောမကျသော်လည်း သူမက မိမိနှင့် အမေ တော်စပ်နေဆဲ ဘဲလေ..။ လေပြေ မျက်ဝန်းများ မှိတ်ချပြစ်လိုက်သည်။ ဖြစ်ပေါ်လာသော စို့နစ်နစ်ခံစားမှုက ဘာအတွက်ကြောင့်မှန်း လေပြေ တကယ်မသိပါ..။

ဒေါ်ပယင်း ဆေးရုံရောက်ရခြင်းမှာ လေပြေ မနေ့က အိမ်ပြန်မလာလို့ စိတ်ပူရင်း နှလုံးဖောက် သွားခြင်းပင်..။ နဂို နှလုံးရောဂါ အခံရှိသော ဒေါ်ပယင်း ၏ ရောဂါ အရင်းအမြစ်မှာ လေပြေ ဆိုသော သမီးဖြစ်သူသာ..။ လေပြေ သက်ပြင်းချလိုက်သည်။ နောက်ဆုံးအနေဖြင့် ပတ်ဝန်းကျင်အား တစ်ချက် လှည့်ပတ် ကြည့်လိုက်သည်။

သို့သော် မည်သည့် အရိပ်အယောင်မှ မမြင်ရသောကြောင့် လာနိုင်ချေမရှိတော့သော ထိုသူအား စောင့် နေခြင်းကို ရပ်တန့်လိုက်ရန်သာ ဆုံးဖြတ်ရလိုက်သည်။ လေပြေ ကား ကို ကျွမ်းကျင်စွာ လမ်း ကြောင်းပြောင်းကာ ဒေါ်ပယင်း ရှိရာ ဆေးရုံဆီသို့ ဦးတည်လိုက်တော့သည်။ လေပြေ အသုံးမကျသော ထိုသူအား လျစ်လျူရှုလိုက်တော့မည်။

ဝသန် ကိုတော့ လေပြေ ကိုယ့်ဘာသာ ကိုင်တွယ်ရန်နည်းလမ်းတစ်ခု စဉ်းစားရပေ လိမ့်မည်။

"အသုံးကျမလားလို့ ပူးပေါင်းမိတာ..။ ဟမ့်..!!!...ခုတော့ ကိုယ့်ဘာသာ နည်းလမ်းရှာတာ အကောင်း ဆုံးဘဲ..."

လေပြေ ဆေးရုံသို့ရောက်သောအခါ အမေ ဖြစ်သူရှိနေမည့် အခန်းသို့သာ တိုက်ရိုက် ဦးတည်လိုက် သည်။ ဒေါ်ပယင်း အခန်းသို့ ဦးတည်နေသော လေပြေ ခြေလှမ်းများသည် မြင်ကွင်းတစ်ခုကြောင့် ရပ် တန့် သွားရသည်။

ကောင်လေး နှစ်ယောက် အတိအကျပြောရရင် ဆက်လျှံရှင်နှင့် မင်းဝသန်..။ ဆက်လျှံ ၏ လက် များသည် ဝသန့် ခါးအား တယုတယ ဖက်ထားသည့်အပြင် လေပြေ တစ်ခါမှမမြင်ဖူးသော ပါးချိုင့် နက်နက်များပင် ဆက်လျှံ ပါးပြင်တွင် ပေါ်နေလေသည်။ ဝသန် ပြောသမျှကို နူးညံ့သော အကြည့်များ အပြုံးများဖြင့် တုန့်ပြန်နေခြင်းဖြစ်သည်။

Second Chance(System) [Completed]Where stories live. Discover now