Arc-2.9

27.1K 2.8K 31
                                    

(Zawgyi)

Arc-2.9

"ခေါင်းဆောင် ကျွန်မ အဝတ်တွေလာပို့တာပါ..."

Leo စခန်း၏ အစီရင်ခံစာများကို စစ်ဆေးနေစဉ် ကြားလိုက်ရသောအသံကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။

"ဘယ်လိုလို့ မင်းဖြစ်နေရတာလဲ ဒေါ်နယ်လီရော...။ ငါ့အဝတ်အစားတွေက တွေ့ကရာလူ ထိကိုင် ရမယ့် အရာမဟုတ်ဘူး..."

မနှစ်မြို့ခြင်း၊ ရွံရှာခြင်းများ အထင်းသားပေါ်နေသော မျက်ဝန်များဖြင့် ပြောလာသော ခေါင်းဆောင် ကြောင့် Mira ဆုံးဖြတ်ချက်များ ပိုမို သေချာသွားရသည်။

^^ဟုတ်တယ်...ငါလုပ်ကို...လုပ်ရမယ်...^^

အရည်ကြည်များ ရစ်သိုင်းနေသော မျက်ဝန်းလေးများဖြင့် တဆတ်ဆတ်တုန်နေသော နှုတ်ခမ်း လေးများက ဝမ်းနည်းမှုကို ဖော်ပြနေသည်။ တချက်ကြည့်လိုက်ယုံဖြင့် စိုးကြောက်နေမှန်း သိသာလေ သည်။ ထိုပုံစံမှာ အကူအညီမဲ့နေသော ကြွက်ဖြူလေးနှင့် တူလှသည်။

"ခေါင်းဆောင် ကျွန်မ တောင်းပန်ပါတယ်။ ဒေါ်နယ်လီကို အပြစ်မမြင်ပါနဲ့နော်..။ သူနေမကောင်း အရမ်းဖြစ်နေလို့ ကျွန်မကိုယ်စား လာပို့ပေးရတာပါ....။ တမင်ရည်ရွယ်တာ မဟုတ်ရပါဘူးရှင်...။ ခေါင်းဆောင် ကျွန်မကို အမြင်မကြည်တာ Jack ကိစ္စကြောင့်လား..။ အဲ့ဒါကြောင့်ဆို ကျွန်မ နောင်တရ နေပါပြီရှင်..။ ထိတ်လန့်စရာ အခြေအနေတွေကြောင့် ကျွန်မ တစ်ကိုယ်ကောင်းဆန်မိသွားတာပါ..။ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါရှင် အဟင့်..အဟင့်..."

Mira သည်းထန်စွာ ငိုရှိုက်ပြနေသော်လည်း ခေါင်းဆောင် ဝှေ့ဝဲလာသော အကြည့်လေးတစ်ချက် ပင် မရ..။ အေးစက်စက် ပြောလာသည်က..

"မင်း..လာတောင်းပန်တဲ့သူ မှားနေတာဘဲ..။ မင်းအပြစ်ကျူးလွန်ခဲ့တာ ငါ့အပေါ်မဟုတ်သလို ငါ့ကို တောင်းပန်ရမှာ မဟုတ်ဘူး..."

Mira မျက်နှာပျက်ယွင်းသွားသော်လည်း ချက်ချင်း ပြန်ပြင်ပြစ်လိုက်သည်။

"ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျွန်မ Jack ခွင့်မလွှတ်မချင်း တောင်းပန်မှာပါ..။ ကျွန်မ ကတိပေးပါတယ်.."

Second Chance(System) [Completed]Where stories live. Discover now