Arc-6.10(Testing Life 1)

21.2K 2.3K 223
                                    

(Zawgyi)

Arc-6.10

Z ကိုယ်ရံတော်များ၏ နဖူးပေါ်တွင် ရေးထားသောစာလုံးလေးများကြောင့် ဆွဲဆောင်မှုရှိသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

"အကောင်ပေါက်လေး ကိုယ့်ကိုကစားပြီး ထွက်ပြေးရဲတယ်ပါ့လေ..."

Z မျက်ဝန်းများတွင် အကြံအစည်အရိပ်ယောင်အချို့ ဖြတ်ပြေးသွားရသည်။ မိမိရှေ့တွင် ဒူး ထောက်ကာ ကြောက်လန့်နေကြသော ကိုယ်ရံတော်များအား တစ်ချက်ကြည့်လိုက်ကာ ပြောလိုက် သည်။

"မင်းတို့ သွားကြတော့~!!.."

Z စကားဆုံးသည်နှင့် အခန်းတွင်းမှ အသည်းအသန်ပြေးထွက်သွားကြသော ကိုယ်ရံတော်များ။

အကောင်ပေါက်လေးသည် ထိုသူများအား မသတ်စေချင်မှန်းသိသောကြောင့်သာ Z လွှတ်ပေး ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အပေါ်ထပ်မှ ဝရုန်သုန်းကားပြေးဆင်းလာကြသော ကိုယ်ရံတော် များကြောင့် အိမ်တော်ထိန်းနှင့် four အံ့သြသွားရသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ကာ တွေးမိသည်က... သခင်ကြီးက ခွင့်လွှတ်ပေးတယ်လား...။

သို့သော် မကြာခင်ပင် ကိုယ်ရံတော်များ၏ နဖူးပေါ်တွင်ရေးထားသော စာလုံးများကြောင့် နား လည်သွားကာ နှုတ်ခမ်းများတွန့်သွားရသည်။ ထို့နောက် ပြိုင်တူသက်ပြင်းချလိုက်ကာ သခင်လေး က.. သခင်လေးပါဘဲ..။ စကားလုံးအနည်းငယ်ဖြင့်ပင် မိမိတို့၏ သွေးအေးဘုရင်ကြီးအား ကိုင်တွယ် သွားနိုင်သည်။

အိမ်တော်ထိန်း တုန်ယင်နေဆဲဖြစ်သော ကိုယ်ရံတော်များ၏ပုခုံးအား ခပ်ဖွဖွပုတ်ကာ ပြော လိုက်သည်။

"မကြောက်နဲ့တော့ သခင်ကြီးက မင်းတို့ကို လွှတ်ပေးလိုက်ပြီ..."

အိမ်တော်ထိန်း၏ အာမခံစကားကြားမှသာ ကိုယ်ရံတော်များမြေပြင်ပေါ်သို့ ပြိုင်တူထိုင်ချ လိုက်ကြကာ အသက်ကို ရဲရဲရှူကြရတော့သည်။ အမယ်လေး...ကံသီပေလို့..။

----------------------

ဝသန် မိမိအားလာကြိုသည်ဟူသော ထိုသူအား အကဲခတ်နေမိသည်။ ထင်ရှားသော မျက်ခုံး တန်းတန်းတွေရယ်၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေရယ်၊ တည်ငြိမ်နေသော မျက်ဝန်းတစ်စုံ ထိုအရာများက ထိုသူသည် သာမာန်သူမဟုတ်ကြောင်း ညွှန်ပြနေသည်။ 

Second Chance(System) [Completed]Where stories live. Discover now