Arc-4.4

23.9K 2.7K 76
                                    

(Zawgyi)

Arc-4.4

ရှိန်းနွေ၏ ဒဏ်ရာသည် နှစ်ပတ်ကြာပြီးနောက် သက်သာသွားလေသည်။ မူလ ဇာတ်ကြောင်းအရ ဆိုပါက ထိုနှစ်ပတ်အတွင်း ဇာတ်လိုက်နှစ်ယောက်မှာ ခံစားချက်များ တိုးတက်နေကြပြီ ဖြစ်သည်...။ 

သို့သော် ယခုမူ ရှိန်းနွေ သည် ဝသန့် အနားသာ ကပ်နေသကဲ့သို့ မင်းမဟော်သည်လည်း ရှိန်းနွေ အား သေစေနိုင်လောက်သော အကြည့်များဖြင့်သာ ကြည့်နေလေ့ရှိသည်...။

ဒဏ်ရာသက်သာ သွားပြီဖြစ်သော ရှိန်းနွေ ကို တောစပ်သို့ ပြန်လိုက်ပို့ပေးလိုက်သည်..။ ပြန်မပို့ ပေး၍လည်းမဖြစ် နည်းနည်းထပ်ကြာပါက ရှိန်းနွေ တစ်ယောက် မင်းမဟော် လက်ချက်ဖြင့် အသက် ပျောက်တော့မည်မှန်း ဝသန် အာရုံရနေသည်...။

"ကဲ...ကိုယ် ဒီအထိဘဲ ပို့ပေးတော့မယ်။ ရှေ့က တောလမ်းအတိုင်း တည့်တည့်သွားပြီး ဘယ်ချိုး လိုက်ရင် တောစပ်ကိုရောက်ပြီ။ ကိုယ်တို့လဲ အိမ်ပြန်ရမှာမို့ပါ.."

မိမိစကားအဆုံး ရင်ခွင်ထဲဝင်လာကာ ခါးအား ဖက်လာသော ရှိန်းနွေကြောင့် ဝသန် ခပ်ဖွဖွ ပြန်ဖက် ထားပေးလိုက်သည်...။ မင်းဟော်ဆီသို့ အကြည့်ရောက်သွားသောအခါ အကြည့်စူးစူးကြောင့် ယောင်ရမ်း ကာပင် ရှိန်းနွေ ကို ပြန်လွှတ်လိုက်မိသည်...။ ရှိန်းနွေ ကတော့ ဝသန့် အဖြစ်အား သတိမထားမိ...။

"ကျေးဇူးတင်ပါတယ် စစ်တလင်း ထပ်ဆုံချင်ပါသေးတယ်..."

ဝသန် ပြုံးပြလိုက်တော့ မင်းမဟော် ၏ မျက်ဝန်းများ အန္တရာယ်ရှိစွာ မှေးကျဉ်းသွားရသည်..။ ရှိန်းနွေ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် အေးစက်စက် အငွေ့အသက်များ ဝန်းရံခံလိုက်သည်..။

"ဝေါင်း~~!!!!!!..."

ကျားတစ်ကောင်၏ ဟိန်းဟောက်သံ နှင့်အတူ ဝသန် ကြီးမားလွန်းသော ကျားတစ်ကောင်၏ ခုန် အုပ်ခြင်းကို ခံလိုက်ရသည်။ ဝသန် လက်များကိုလည်း ရှေ့ခြေဖြင့် ဖိထားသည့်အပြင် လည်ပင်းနားတွင် နှာခေါင်း တရှုံ့ရှုံ့လုပ်ကာ အနံ့ခံနေသောကြောင့် နှာမှုတ်သံပြင်းပြင်းက ဝသန် လည်တိုင်အား ရိုက်ခတ် နေလေသည်...။

Second Chance(System) [Completed]Where stories live. Discover now