"သူကဘာလို့ ပွဲမတက်ရတာလဲ ဘာလို့လဲ၊ အကြောင်းအရင်းက ဘာလဲ"
လူက တမံအရှေ့မရောက်လာသေးဘဲ လမ်းတစ်လျှောက် အော်ဟစ်လာသော မမကြူအသံအလုံးအရင်းကို ကြားနေရ၏။ မညင်သာသော တံခါးဖွင့်သံနှင့်အတူ ဘွားခနဲ ပေါ်လာသော မမကြူ၊ လက်မှာကိုင်လာသော ဘော်ကြယ်တွေအလှဆင်ထားသည့် ပြောင်ပြောင်လက်လက် ရှည်မျောမျောလက်ကိုင်အိတ်ကို ဂျိုင်းကြားညှပ်လိုက်ပြီး တမံအရှေ့ထိုင်ခုံကို ဆွဲယူလိုက်တာ အသံအကျယ်ကြီး။ လက်ကိုင်အိတ်ကို တမံအရှေ့ စားပွဲပေါ်ပစ်တင်လိုက်ပြီး ခြေထောက်ချိတ်ထိုင်လိုက်၏။
အခြေအနေမကောင်းမှန်းသိ၍ အခန်းထဲက ရဲရဲ လှစ်ခနဲ ပြေးထွက်သွားသည်။ ညနေ နာမည်ကြီးဘရန်းတစ်ခု၏ ဖုန်းအသစ်မိတ်ဆက်ပွဲကို တမံ မလိုက်ဘူးကြားသိပြီး မမကြူက ဒေါကြီးမောကြီး တမံအိမ်ကို ရောက်ချလာသည်။ တမံကို ပြင်ဆင်ပေးဖို့ ရောက်လာသည့် ရဲရဲက တမံကို ပြောလို့မနိုင်သည့်အဆုံး မမကြူကို လှမ်းတိုင်တာဖြစ်မည်။ ထို့ကြောင့် သူ့အပြစ် ကိုယ့်အပြစ်ကြောင့် မျက်နှာချင်းမဆိုင်တာကြာပြီဖြစ်သော မမကြူက တမံရှေ့ အရင်ရောက်လာခဲ့၏။
"တစ်နိုင်ငံလုံးကဆယ်လီတွေစုနေမဲ့ ပွဲကို သော်နဲ့အတူတူ ဘာလို့ မသွားတာလဲ တမံ"
သွားစိထားလျက် နှုတ်ခမ်းလှုပ်ရုံ တိုးကြိတ်ကြိတ် မေးလာသောအခါ တမံက ဖတ်နေသော စာအုပ်ကို ပိတ်ချလိုက်၏။ မွှေးရနံ့ကြူမျက်နှာကို စိုက်ကြည့်၍
"နေလို့မကောင်းလို့"
"နေလို့မကောင်းတာလေ နေမကောင်းတာမှ မဟုတ်တာ၊ အိပ်ရာထဲဗုန်းဗုန်းလဲကျနေရင်တောင် လေးဖက်ထောက်သွားနိုင်ရင် သွားကိုသွားရမှာကို ဘာလို့ မသွားရတာလဲ၊ ဘာအကြောင်းကြောင့် မသွားနိုင်ရတာလဲ၊ ဒီအချိန် Localတင်မကဘူး၊ အရှေ့အာရှတစ်ခုလုံး Dancer King Zylenကို စောင့်ကြည့်နေကြချိန် သူ့ချစ်သူ တမံက သူ့လက်ကိုချိတ်ပြီး နေရာယူရမှာလေ၊ အရမ်းအကွက်မြင်တတ်တဲ့ တိမ်တမံက အခွင့်ကောင်းကျမှ ဘယ်လိုဖြစ်တာလဲ"
"မံ ငြီးငွေ့နေပြီ၊ ဘယ်အချိန်ထိ သော်အရောင်ကြောင့် မံက တောက်ပြောင်နေရဦးမှာလဲ၊ တိမ်တမံကို မဟုတ်ဘဲ Zylenချစ်သူအဖြစ် ဘယ်အထိ နေရာယူနေရဦးမှာလဲ၊ သော်ကြောင့်မဟုတ်ဘဲ မံ ကိုယ့်ဘာသာကိုယ် ရပ်တည်ချင်တယ်"
KAMU SEDANG MEMBACA
Chill
Romansaစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
