"လွန်ခဲ့တဲ့တစ်လလောက်က ကြာတော့ ကြာနေပြီ၊ ငါ ဒီအတောအတွင်း ရက်၃၀တရားစခန်းဝင်သွားလို့၊ ငါ CCTVပြန်ကြည့်ချင်တယ်"
"ဘာလို့လဲ"
Yangon Language Caféသည် သူငယ်ချင်းဆိုင်ဖြစ်၍ အပူလာကပ်နေသော မံ၊ သူငယ်ချင်းသည် မကူညီချင်တာ မဟုတ်ပါဘဲ စပ်စုချင်နေ၏။
"အဲ့ဒီ့နေ့က ဆိုင်ပိတ်သွားတာတောင် မပြန်နိုင်သေးဘဲ ဆိုင်ရှေ့မှာ ငါ့ကို စောင့်နေတဲ့ လူကို မြင်ဖူးချင်လို့"
သူငယ်ချင်းသည် မျက်မှောင်ကုတ်သွားသည်။
"မင်းဟာကဘယ်လိုကြီးလဲ"
"ပြောရမှာရှုပ်လို့ ငါကြည့်ချင်တာကိုသာ ကြည့်ခွင့်ပေးပါ"
လက်မောင်းကိုဖျစ်ညှစ်ကိုင်၍ တမံ အပူတိုက်မိသောအခါ သူငယ်ချင်းသည် နားဝေတိမ်တောင်ဖြင့်
"ငါတို့ဆိုင်မှာ အဲ့လိုလူရှိခဲ့လို့လား ငါသတိမထားမိလို့ပါ"
မံ သည် ခေါင်းတဆတ်ဆတ်ညိမ့်ပြပြီး
"ရှိခဲ့တယ်၊ လုပ်ပါ ကူညီပါ၊ ငါ ရက်နဲ့အချိန်အတိအကျမှတ်မိတယ်"
သူငယ်ချင်းသည် ဇဝေဇဝါဖြစ်နေလျက် မံ က အရေးကြီးနေပုံရလို့ ထပ်မရစ်တော့ဘဲ သူ့Laptopကို ဖွင့်လိုက်သည်။ ချိတ်စရာရှိတာချိတ်ပြီး အချိန်ခဏကြာသောအခါ Laptop screenထက်က CCTVအကွက်ကလေးတွေကို မျက်ခုံးစုကုတ်ကြည့်နေလျက်
"မရှိပါဘူး ... အားလုံးက ပုံမှန်အတိုင်းပါပဲ၊ ဆိုင်ပိတ်တဲ့အထိ ထိုင်နေရင် ငါတို့ဝန်ထမ်းတွေက သွားပြောမှာပေါ့၊ ညနေကနေဆိုင်ပိတ်တဲ့အထိ ငါလည်းကောင်တာမှာ အမြဲထိုင်နေတာပဲ၊ ထူးထူးခြားခြား သတိထားမိရမှာပေါ့၊ အဲ့လိုမျိုး မရှိခဲ့ဖူးဘူးနော် တမံ၊ အခု မင်းမြင်တဲ့အတိုင်း အားလုံးက သူ့အဖွဲ့နဲ့သူဖြစ်နေတာလေ၊ မင်းပြောတဲ့ ထူးထူးဆန်းဆန်း တစ်ယောက်တည်း ထိုင်စောင့်နေတဲ့သူ မရှိပါဘူး"
ဆိုင်တစ်ခုလုံးအနှံ့ဟိုထောင့်ဒီထောင့် CCTVမြင်ကွင်းတွေကို ထောက်ပြနေသော စကရင်ပေါ် တမံမျက်လုံးတို့သည် ယောက်ယပ်ခတ်ပြေးလွှားလိုက်ကြည့်နေ၏။
ESTÁS LEYENDO
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
