အိပ်ရာထဲလူးလွန့်နေသော တမံသည် အိပ်သင့်နေပြီဖြစ်လျက် တော်တော်နှင့်အိပ်လို့မရ။ စိတ်ထဲတနုန့်နုန့်ဖြစ်နေခြင်းက အဆာမကြေလိုက်တာ။
"အားးးး"
ကုန်းရုန်းအော်ဟစ်ပြီးနောက် စောင်ကို ခြေထောက်နဲ့ဆွဲဖယ်လိုက်သည်။ အိပ်ရာစွန်းဟိုဘက်ဒီဘက် ရောက်အောင် တစ်ဖက်စီကိုယ်လှိမ့်ပြီး အိပ်ရာအလယ်မှာ ပက်လက်ကြီး ခြေကားယားလက်ကားယားနဲ့ မျက်လုံးကိုပြူးပြူးကြီး စွံ့ကားဖွင့်ပစ်လိုက်၏။ မျက်နှာကြက်မှာ ယသော်အလှဆင်ပေးထားသော အဏုမြူရောင်ကြယ်အလင်းတို့က ရောင်စုံထင်ဟပ်နေ၏။
ကြက်ကြော်ဆိုင်မှာ သူ့ရှေ့က ပိတ်ရပ်နေခဲ့သည့်လူက Kyleလား။
အလိုမကျစွာ ခြေထောက်နှစ်ဖက်ကို အားပါပါ လှုပ်ခါရမ်းပစ်တာ ခြေသလုံးကြွက်သား နာကျင်သွားရသည်။ ဘယ်လိုမှ နေလို့မရသည့်အဆုံး ငုတ်တုတ်ထထိုင်လိုက်၏။ မျက်လုံးများမှေးကျဉ်းသွားကာ မဂ္ဂဇင်းတိုက် Lobbyမှာ တွေ့ခဲ့ပါသော Kyleပုံစံကို အာရုံပြု မြင်ယောင်ကြည့်သည်။
မဖြစ်နိုင်ဘူး။ Lobbyမှာတွေ့ခဲ့သော Kyleနှင့် ကြက်ကြော်ဆိုင်က သူ့ရှေ့ကလူ။ ထိုနှစ်ယောက်ပုံစံသည် တောသားနှင့်မြို့သားလို အကွာကြီးကွာသည်။ ကြက်ကြော်ဆိုင်မှာ ရှိနေခဲ့သည့် Kyleသည် မံနှင့်နီးစပ်ရာ ဘယ်နေရာမှာ ရှိနေခဲ့တာလဲ။ တမံ၏ ကြက်ကြော်အိတ်ထဲထည့်လိုက်နိုင်တာကိုက တမံအရှေ့မှာ ရှိနေသော သူသုံးယောက်တည်းက တစ်ယောက်ဖြစ်ရမည်။
အဲ့ဒီ့သုံးယောက်တည်းမှာ တစ်ယောက်က ငှက်ပျောခိုင်ဖြစ်လျှင် ထိုစဉ်က ထိုသုံးယောက်၏ အရှေ့ဆုံးမှာ တမံ နေရာယူခဲ့ပါ၏။ အခုတော့ ဟိုလူသက်သက်အကျင့်ပုပ်လို့ ငှက်ပျောခိုင်လူလည်ကျတာ ခံလိုက်ရတာ။ ခံပြင်းစိတ်ကြောင့် တမံမျက်နှာသည် မှုန်ကုတ်စူပုပ်နေလိမ့်မည်။
မဂ္ဂဇင်းတိုက်Lobbyမှာ တမံမြင်ခဲ့သော သူသည် Kyle မဟုတ်ဘူးလား။ လူမှားသွားတာလား။ ထိုစဉ်က Lobbyမှာ အူတူတူနဲ့ ဟိုရှာဒီရှာလုပ်နေတာ ထိုလူပဲရှိ၏။ ဒါပေမဲ့ Kyleနှင့်ဆုံခဲ့ပါသော အအေးဆိုင်မှာရော ကြက်ကြော်ဆိုင်မှာရော ထိုလူကို တမံ မမြင်မိပါ။ သတိမထားမိတာများလား။

YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020