32

3.4K 792 313
                                    

"ဘာမှာမလဲရှင်"

ဆိုင်ထဲ ခိုင်မြဲနှောင်ဝင်လာတည်းက မိန်းကလေးဝန်ထမ်းများ သူ့ထက်ငါ Serviceပေးရန် ပျာယာခတ်နေကြ၏။ နောက်ဆုံးသူတို့အချင်းချင်း ဗိုလ် ကျား သေနတ်လုပ်ပြီး ညှိနှိုင်းပြီးသွားတယ်ထင်။ ခပ်ဝဝမျက်နှာဖောင်းဖောင်း နှုတ်ခမ်းဖူးဖူးနဲ့ ဆိုင်ဝန်ထမ်းမိန်းကလေးတစ်ဦး သူ့ရှေ့ရောက်လာသည်။

ခိုင်မြဲနှောင်ကိုပဲ ကြည့်နေပြီး မီနူးကိုရင်ဘတ်မှာပိုက်ထားတာ အခုထိ ကမ်းပေးဖော်မရ။ ခိုင်မြဲနှောင် လိုတာထက်ပို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်၏။ လူတစ်ယောက်အတွက် စိတ်လိုလက်ရ အပြုံးလှလှလေး ပေးလိုက်ခြင်းက လက်ခံရရှိသူအဖို့ ပီတိကြည်နူးဖြာစေသည်။

ခိုင်မြဲနှောင်က အခု လူတကာမက်မောရသော မင်းသားလေးဖြစ်နေပေမဲ့ အတိတ်မှာ ဖယ်ကျဉ်ခံရဖူးသော ဇာတ်ရံဖြစ်ခဲ့တာမို့ စာနာနားလည်နိုင်သည်။ သူဇာတ်ရံဘဝတုန်းက တောင်းတမျှော်လင့်မိသော အသိအမှတ်ပြုခြင်း၊ ဂရုစိုက်ဖေးမနှစ်သိမ့်ခြင်းတို့ကို အခုချိန်မှာ မင်းသားလေးတစ်ယောက်အနေနဲ့ အဖယ်ကျဉ်ခံရသောဘဝတွေကို ကိုယ်ချင်းစာနာမှုဖြင့် ခြွေချပေးကမ်းစွန့်ကြဲမည်။

အခုလည်း သူ့ရှေ့ သူ့ကိုသဘောကျငေးမောနေသော မိန်းကလေးကို ကိုယ်ချင်းစာနိုင်သည်။ မပေးလာသည့် မီနူးကဒ်ကို တောင်းမကြည့်တော့ဘဲ

"နောက်တစ်ယောက်ထပ်လာပါလိမ့်မယ်၊ သူလာမှပဲ မှာလို့ရမလား"

"ဟုတ် ဟုတ် ရပါတယ်ရှင်"

ပြုံးပြုံးနဲ့ပဲ မျက်စမျက်နဟန်ချီလိုက်သောအခါ မိန်းကလေးခဗျ သူ့အနား ကြာကြာ မရပ်နေနိုင်တော့။ ဦးညွှတ်ပြီး သုတ်ခနဲ အနားကထွက်ပြေးသွားသည်။ အပြင်မှာ တဖွဲဖွဲကျနေသော မိုးစက်တို့ကို ကြည့်၍ ခိုင်မြဲနှောင်ပြုံးရပြန်၏။ အဆောက်အဦးနှင့်ကားမီးရောင်တို့မှ အလင်းရောင်ဖြင့် ဖြာထွက်နေသော ပတ်ဝန်းကျင်မှာ မိုးတဖြောက်ဖြောက်ကျကောင်းနေသည်။

မိုးရွာလေထန်နေလည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်မှာ ရုန်းကန်လှုပ်ရှားသွားလာနေကြဆဲ အရောင်စုံအဆင်စုံ ထီးတွေအောက်က အဆင့်အတန်းအလွှာပေါင်းစုံမှ အရွယ်စုံလူသားတို့၏ဘဝတွေကို လူစောင့်နေလို့ အချိန်တွေပိုနေသည့် ခိုင်မြဲနှောင်က အပျင်းပြေထိုင်ငေးကြည့်မိသည်။

ChillWhere stories live. Discover now