52

2.5K 442 227
                                    

"Sorry Koe ... ငါမကူညီနိုင်ခဲ့ဘူး"

Koeက သူ့ကို ခပ်စူးစူးကြည့်နေပြီးမှ မျက်လွှာချသွားသည်။ ဖန်ခွက်ထဲ အရက်ငဲ့ထည့်ပြီး ရေမရောဘဲ မော့ချလိုက်၏။ လည်ချောင်းထဲ ပူဆင်းသွားသမျှ မေးရိုးတင်းကားနေအောင် အံကြိတ်ကာ မျိုချသည်။ Kyleလည်း Koeရှေ့က ဖန်ခွက်ကို ယူလိုက်ပြီး Koeလက်ထဲက အရက်ပုလင်းကို ဆွဲယူကာ ခွက်နှစ်ခုစလုံးမှာ ငှဲ့ထည့်လိုက်သည်။ ရေခဲတစ်တုံးစီ ထည့်ပြီး Kyleကမော့လိုက်၏။

Kyleလည်း သိပ်ကျေနပ်နေတာ မဟုတ်။ အစက Koeပြဿနာကို အရေးမထားမိသော်ငြား အခုချိန် တိမ်တမံကို မကျေနပ်တာတော့ Koeနှင့်ထပ်တူပင်။

တိမ်တမံ သိပ်လွန်တယ်

"မင်းကူညီခဲ့သလောက် ငါကျေးဇူးတင်တယ် Kyle၊ မင်းပါ ငါ့ကိစ္စထဲ ဝင်ပါနေရပြီ၊ ငါ့ကြောင့်သာ မဟုတ်ရင် တိမ်တမံကို မင်းအရင်ဦးညွှတ်ရဖို့ မဖြစ်နိုင်ဘူးမလား"

"ကျေးဇူးစကားမပြောစမ်းနဲ့ Koe ငါ့ကို အရှက်ရစေတယ်၊ မင်းငါ့ကို စောက်ရမ်းအထင်ကြီးခဲ့တာမလား၊ တိမ်တမံက ငါ့စကားနားထောင်မယ်တဲ့ ... အဟား ရှက်စရာပဲ ငါက တိမ်တမံအတွက် ဘာကောင်မှမဟုတ်ဘူး"

"မင်းဘာကောင်ဆိုတာထက် တိမ်တမံက ဘာကောင်လဲဆိုတာ ငါမေ့သွားတာ၊ တိမ်တမံက နိုင်ကွက်ရသွားရင် အလျှော့မပေးတတ်ဘူး၊ အဲ့ဒီနိုင်ကွက်ကို ချနင်းပြီး အမြင့်ကို လှမ်းတက်တဲ့ ကောင်စားမျိုး အနုပညာလောကမှာ သူ့အဲ့လိုနေရာယူလာတာ၊ ဟေသာကို အောက်ဖဲလှန်တုန်းကလည်း ဒီလိုသောက်ချိုးပဲ၊ သူကများ သောက်ကြီးသောက်ကျယ်နဲ့ ငါ့ဆော် ဟေသာနဲ့တွဲရိုက်မဲ့ ရုပ်ရှင်ကို ဖျက်တယ်လေး ဘာလေး၊ ငါ့ဆော်ကလည်း သူ့ကို အသည်းဆတ်ဆတ်ခါနာတာ၊ အခုလည်း အကိုးကွယ်ခံနေလေရဲ့ ဟားဟား ဘယ်သူမှ မပြောရဲတာကို ထုတ်ဖော်ပြောရဲတဲ့ သူရဲကောင်းကြီးအဖြစ်လေ ဟားဟားဟား"

အားမလိုအားမရစိတ်တွေနဲ့ ဖန်ခွက်ကို ဆုပ်ကိုင်ဖျစ်ညှစ်ထားသော Kyleပခုံးကို Koeက ဆွဲဖက်ကာ

"မိုးကောင်းတုန်းရွာထားစမ်းကွာ ... ငါတို့ ဒီကောင်နဲ့ ထင်းခွေမကြုံရေခတ်ကြုံရမှာပဲ၊ တိမ်တမံအလှည့်ဆိုတာ ရှိလာဦးမှာ၊ အလှည့်ကျ မနွှဲစတမ်းပေါ့"

ChillWhere stories live. Discover now