6

4.5K 921 206
                                    

အနုပညာအသိုင်းအဝိုင်းက နာမည်ကြီးမင်းသမီးတစ်လက်၏ မင်္ဂလာပွဲသို့ တမံတက်ရသည်။ ဖိတ်လို့တော့မဟုတ်။ ဒီပွဲကိုမှမတက်ရရင် ဒီအသိုင်းအဝိုင်းမှာ ဘောင်မဝင်သလို ဖြစ်ရတာမို့ ဖိတ်စာမရရအောင် ရှာကြံယူပြီး ကိုယ့်ကိုတသီးတသန့်ဖိတ်ထားသလိုလို VIPဝိုင်းမှာ ခပ်တည်တည်ထိုင်နေရသည်။

ယသော်က ရိုက်ကူးရေးရှိ၍ ဖိတ်စာရသော်လည်း အချိန်မပေးနိုင်။ မကြာခင် ထိုင်းနိုင်ငံက Dance Battleအတွက် အကလေ့ကျင့်ရေးအချိန်တွေဆက်နေသည်။ ရဲရဲ... ရဲရဲလို ငမ်းငမ်းတက်ကိုလည်း ဒီလိုပွဲကြီးမှာ မခေါ်လာချင်၍ တမံတစ်ယောက်တည်း စူငေါက်ငေါက်နဲ့ထိုင်နေရသည်။

အသိမိတ်ဆွေမရှိသောနေရာမှာ တစ်ယောက်တည်း တစ်မျိုးတော့တစ်မျိုးဖြစ်ပေမဲ့ မည်သူ့ကိုမှဂရုမစိုက်တတ်ဘဲ လူမှုဆက်ဆံရေးညံ့ဖျင်းပြီး ခပ်ချေချေနေတတ်သော တမံအတွက် ဒီလိုအခြေအနေမျိုးက မသက်မသာတော့မဖြစ်ပါ။ ဘယ်သူနဲ့မှ အပိုစကားမပြောရလေ တမံနားအေးလေပဲ။

ရင်းနှီးကြတာမဟုတ်သော်လည်း မျက်နှာချင်းဆုံတာနှင့်အနည်းဆုံးပြုံးပြတတ်ကြသော အသိုင်းအဝိုင်းတွင် တမံသည် ခပ်စိမ်းစိမ်းမဖြစ်နေ။ သာမန်ထက်ပိုဖော်ရွေတတ်သူများဆို နာမည်လေးခေါ် သာကြောင်းမာကြောင်းတော့ မေးတတ်ကြသည်လေ။

ဘယ်သူခေါ်ခေါ်မခေါ်ခေါ် တိမ်တမံက အရေးစိုက်နေတာမဟုတ်။ ခြေထောက်တစ်ဖက်ကို ပေါင်ပေါ်ချိတ်ထားပြီး မျက်ခုံးစုကြုတ်ကာ စင်ပေါ်က ဒီနေ့ပွဲ၏အဓိကဇာတ်ဆောင်ဖြစ်သော သတို့သားနှင့်သတို့သမီးတို့၏ လှုပ်ရှားမှုတို့ကို စိုက်ကြည့်နေသည်မှာ စိတ်ဝင်တစားနှင့် တည်ကြည်လေးနက်သော ဟိတ်ဟန်အပြည့်။

"ဒါလေးက ဘယ်သူလေးပါလိမ့်၊ ရုပ်ရှင်တစ်ကားမှ မရိုက်ရသေးတဲ့ ဖေ့ဘုတ်လူတွင်ကျယ်တိမ်တမံက ဒီလိုအကျော်အမော်သရုပ်ဆောင်မမရဲ့ မင်္ဂလာဖိတ်စာကို ရသတဲ့လားနော်၊ ဘယ်သူမဆိုတက်လို့ရတဲ့ပွဲမျိုးဆို ဟေသာတို့က ရှုတင်ဖျက်ပြီး အချိန်ပေးမိမှာ မဟုတ်ပါဘူး"

စင်ပေါ်ရှိသတို့သားနှင့်သတို့သမီးကို လှမ်းကြည့်နေသော တမံဘေး ခနဲ့တဲ့တဲ့နှုတ်ခွန်းဆက်စကား ရောက်လာ၏။ တိမ်တမံဆိုသည်မှာ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေနေလည်း မအေးမဆေးစရာ အကြောင်းတွေက သူ့အလိုလိုဖန်လာသည်။ နာမည်ထွက်တော့ တိမ်တမံက လိုက်စွာနေတာတဲ့။

ChillWhere stories live. Discover now