69

1.7K 365 51
                                    

ညအချိန်အခါဖြစ်၍ ကားပြတင်းမှန်ချကာ အပြင်လေထုနှင့် ပေါ့ပါးစွာ ထိတွေ့စေသည်။ ယခင်နေ့များလည်း ယနေ့ကဲ့သို့ပင် ကားလမ်းကြောင်း ရှင်းလင်းနေသလား ဟု တွေးမိသည်။ သူက ညဘက် အပြင်ထွက်လေ့ ရှိသူမဟုတ်၍ မသိတာဖြစ်၏။

ထင်ထားတာထက် ကားမောင်းလို့ ကောင်းနေသည်။ ညမှောင်နေပြီဖြစ်သော်ငြား ကားကို အရှိန်မှန်မှန် အေးအေးလူလူ မောင်းနှင်လာသည်။

"မြို့ထဲဝင်လို့ ရှေ့နားမှာ စတိုးဆိုင်ရှိရင် ကားရပ်လိုက်ပါ့လား၊ ကားမမောင်းတတ်ပေမဲ့ ဆေးထည့်ပေးပါ့မယ်"

လက်တစ်ဖက် ခိုက်မိထား၍ လက်တစ်ဖက်တည်းကိုပဲ အဓိက သုံးကာ စတီယာရင်ကို ထိန်းချုပ်နေရသည်။ ကားမောင်းနှေးနေသည်မှာ လက်က ဒဏ်ရာကြောင့်ဟု တိမ်တယံခဗျ ထင်မှတ်နေပုံ။ ယောင်တင်းနေသော သူ့လက်ဖဝါးကို ပြန်ကြည့်ကာ

"ရတယ် ဒီလက်အတွက် တာဝန်ယူရမဲ့သူ သက်သက်ရှိတယ်"

တယံ မျက်နှာ တစ်မျိုးပြောင်းလဲသွားသည်အား မျက်နှာချင်းဆိုင် လမ်းကြောင်းက လာနေသော ကားမီးရောင်ကြောင့် သူဖျတ်ခနဲ သတိထားမိလိုက်သည်။ တယံက မည်သို့မှ မဆိုလာ၍ ကားထဲ စကားသံတို့ ပြန်လည်တိတ်ဆိတ်သွားသည်။ ကားမီးပွိုင့်တစ်နေရာရောက်စဉ် မီးနီနေ၍ ကားအရှိန်လျှော့ ရပ်တန့်လိုက်ရသည်။

စက္ကန့်၃၀ကြာစောင့်လိုက်ရပြီး မီးစိမ်းသည်။ ကားပြန်ထွက်ခွာခါမှ တယံကနေ

"မထင်မှတ်ထားတာတွေကို အရမ်းလုပ်တယ်နော် .. စတွေ့တည်းက အခုထိ မရိုးသွားဘူး"

"အဲ့ဒါကိုက ဆွဲဆောင်မှုပဲ မဟုတ်လား"

လည်ပင်း‌ငဲ့စောင်းကာ ရိသဲ့သဲ့ဆိုသောအခါ တယံက မငြင်းလာ။

"နှမြောစရာကောင်းတယ်၊ အသုံးချချင်မိတဲ့ တစ်ယောက်သောသူအတွက်တော့ ဒီဆွဲဆောင်မှုတွေက အလုပ်မဖြစ်ဘူး"

"အခု တယံကို အဲ့ဒီတစ်ယောက်သောသူအကြောင်း လူကြီး ရင်ဖွင့်ပြောဆိုချင်နေတာလား"

"ဘာကိုလဲ"

"တယံ စကားလွှဲနေလည်း ခဏခဏ အဲ့ဒီလူအကြောင်းကိုပဲ စကားရောက်သွားတယ်လေ၊ သူ့အကြောင်း တယံ အတည်မေးလာရင်လည်း လူကြီး ဖြေလို့ကောင်းမှာ မဟုတ်ဘူးမလား"

ChillDonde viven las historias. Descúbrelo ahora