49

2K 383 111
                                    

သော်သည် နားနားကပ်ပြောလာသည့် အကြောင်းအရာကို မယုံနိုင်။ အနောက်က အော်ခေါ်သံတို့ကိုလျစ်လျူရှု၍ ချက်ချင်းပဲ တမံအနောက် သူလိုက်လာသည်။ စတီးလက်ကောက်ဝတ်နှစ်ဖက် အခတ်ခံရလျက် ခေါင်းငိုက်စိုက်ချနေသော တမံကို မြင်လျှင်မြင်ချင်း ယသော်တစ်ယောက် သွေးပျက်ထိတ်လန့်မိ၏။

"မံမံ..."

ရင်ထဲ မချိ၍ နှုတ်ခမ်းလှုပ်ရုံ လေသံကလေးက တိုးတိုးလေးထွက်သွားသည်။ မံက သူ့အသံကြားသောအခါ ဆတ်ခနဲခေါင်းထောင်လာ၏။ အဘယ်မျှ သူ့ကိုစောင့်ဆိုင်းမျှော်လင့်နေသလဲ အမူအရာမှာ ထင်ရှားသိသာနေလျက်။

"သော်"

အားကိုးတကြီး ထရပ်သည်။ သော်က တမံရှေ့ထိုင်ခုံမှာ ဝင်ထိုင်ပြီး

"ဘယ်လိုဖြစ်တာလဲ သော်ကိုပြောပြ"

တမံသည် သူပြောမည့်စကားအား တစ်ဦးဦးက ကြားမှာမလိုလားသည့်ဟန် အခန်းထဲကို အရင်ဆုံး စူးစမ်းရှာဖွေကြည့်နေသည်။

"သော်တို့ ဆယ်မိနစ်လောက် လွတ်လွတ်လပ်လပ်ပြောလို့ရတယ် မံ"

ထိုအခါမှ တမံမျက်နှာ အရှေ့တိုးလာပြီး လေသံတိုးတိုးဖြင့်

"သော်အင်္ကျီထဲက တွေ့တာ၊ သော်သိလား"

"သိပြီးပြီ၊ သော်မသိတာက ကိုယ့်အင်္ကျီထဲ ဘယ်လိုလုပ်ရှိနေသလဲဆိုတာပဲ"

တစ်ပြိုင်နက် သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားသည်။ အကြည့်တွေမှာ အဓိပ္ပာယ်ရှိ၏။ ထိုမျက်လုံးတွေကနေတဆင့် တူညီသောမေးခွန်းကို သူတို့နှစ်ယောက် ပြိုင်တူမေးမြန်းမိသည်။

မံ ဟာလား

သော် ဟာလား

မျက်လုံးကနေပဲ သူတို့ချက်ချင်း အဖြေပြန်ပေးမိကြသည်။ ထိုအခိုက်အတန့်သည် ခဏလေးပါပဲ။ အရာရာကိုစေ့ငုသုံးသပ်နိုင်သွားသည့် သော်က အံတင်းတင်းကြိတ်လိုက်၏။

"ကိုယ်တို့ လုပ်ကြံခံရတာပဲ"

"ဘယ်သူကလဲ"

လေသံထွက်ရုံမျှ တမံမေးသည်။ သော်က လက်သီးတင်းတင်းဆုပ် ချက်ချင်းမဖြေသေးဘဲ ပြီးတော့မှ

ChillWhere stories live. Discover now