"တကယ်ကိုSasaeng Fanပီသပါရဲ့ဗျာ၊ တယံငိုတော့မယ် မစပါနဲ့တော့"
MCမိုးလင်းဦးကြားဖြတ်ပြောလိုက်မှ အလိုလို ဝေ့တက်လာသောမျက်ရည်စကို တယံမျက်နှာတစ်ဖက်လှည့်သွားပြီး အများမမြင်အောင် သုတ်ဖယ်လိုက်သည်။ မျက်လုံးချင်းဆုံ၍ သူတည်တည်ကြီးမေးလာသောအခါ တယံကြောက်သွားတာ။
မကောင်းတဲ့လူဆိုးကြီး။
"နှစ်ယောက်တစ်တွဲမှာ ပထမတစ်ဖြတ် တစ်ယောက်ကပြေးမယ်၊ အလံကိုလက်ဆင့်ကမ်းပြီး ဒုတိယတစ်ဖြတ်ကို ကျန်တစ်ယောက်ဆက်ပြေးမယ်၊ အရင်ဆုံးပန်းဝင်ပြီး သတ်မှတ်ထားတဲ့ပန်းတိုင်မှာ အလံစိုက်ထူနိုင်တဲ့အတွဲက နောက်Missionအတွက် အထောက်အကူပြုမဲ့ကဒ်ကို အရင်ရွေးခွင့်ရမယ်"
PDပြောနေတာကိုပဲ သေချာအာရုံစိုက်နားထောင်၍ ဘေးဘက်ညာသို့မကြည့်မိအောင် တယံအထူးသတိထားနေရသည်။ မျက်ဝန်းတစ်စုံက စူးစိုက်ကြည့်နေမှန်း အလိုလိုခံစားမိ၏။ တယံမျက်ရည်ထပ်မကျချင်၍ သူနှင့်မျက်လုံးချင်းမဆုံရဲပါ။
ဘောလုံးကွင်းထဲက အပြေးလမ်းကြောင်းကိုကြည့်၍ သက်ပြင်းချမိသည်။ ယုန်ကလေးလို အပြေးသန်သောတယံအတွက် အပြေးပြိုင်ပွဲကဘာမှမဟုတ်။ တစ်ပွဲမှာ နှစ်ယောက်တစ်တွဲ၊ နှစ်ဖွဲ့ယှဉ်ပြေးရသည်။ တယံစိတ်ညစ်မိတာက တယံတို့အတွဲနှင့်ဟိုလူကြီးတို့အတွဲက တစ်ပွဲတည်းယှဉ်ရသည်။
တယံတို့အတွဲက အဝါရောင်ဖြစ်၍ အဝါရောင်စပို့ရှပ်နှင့် အဝါရောင်အလံ။ လူကြီးနှင့်အစ်မမေသူတို့အတွဲက အညိုရောင်။ ပထမတစ်ဖြတ်မှာ တယံအရင်ပြေး၍ လက်ထဲကအလံကိုလက်ဆင့်ကမ်းပေးပြီး ဒုတိယတစ်ဖြတ်မှာ တယံပါတနာဆက်ပြေးမည်။ ပန်းတိုင်သို့ဝင်၍ အလံစိုက်မည်။
တစ်ဖက်အတွဲ၌ လူကြီးကဒုတိယတစ်ဖြတ်ပြေးမှာဖြစ်၍ တယံနှင့် ဘေးချင်းယှဉ်ပြေးရမှာမဟုတ်တာပဲ စိတ်သက်သာရတော့မည်။ ယှဉ်ပြေးရလျှင် မြင်းရိုင်းတစ်ကောင်လို သူ့ခြေတံရှည်များကို ယုန်ကလေးတယံက အမှီလိုက်နိုင်မှာမဟုတ်။
ဝစီမှုတ်လိုက်သည့်အဆုံး နှစ်ဖက်အသင်းမှ တယံနှင့်မေသူတို့နှစ်ယောက်သည် သတ်မှတ်ထားသော ပြေးလမ်းအတိုင်း သူ့ထက်ငါအလျင် တစိုက်မတ်မတ်ဦးတည်၍ အပြိုင်အားသွန်ခွန်စိုက်ပြေးလာသည်။ တယံက အရှေ့ကနေဦးဆောင်နေ၏။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020