"သော့်ကိုပြောလိုက် တိမ်တမံရောက်နေတယ်လို့ ငါက တိမ်တမံပဲ!!!"
အော်ဟစ်သောင်းကျန်းနေသော တိမ်တမံကို သော်ရှိရာအခန်းထဲ ဝင်မရအောင် တားစီးနေသော အစောင့်များ။ တံခါးချပ်လှပ်သွား၍ မျှော်လင့်တကြီး ကြည့်မိသော်ငြား သော်မဟုတ်ဘဲ သော်မန်နေဂျာ ကိုစံလင်းဖြစ်နေသည်။
"တမံ မင်း ပြန်လိုက်တော့"
"အစ်ကို! သော်ကို ပြောလိုက် မံ ရောက်နေတယ်လို့ မံ ကို သော် ဒီလို နှင်ထုတ်မှာမဟုတ်ဘူး"
"သော်ကိုယ်တိုင်က မင်းကို မတွေ့ချင်တာ တမံ၊ သော် အရမ်းစိတ်ထိခိုက်ပြိုလဲနေတာမို့ မင်း ပြန်လိုက်ပါတော့"
"အဲ့ဒါကြောင့် မံ က သော်ဘေးရှိဖို့လိုတာလေ၊ သော်ကို မံ အားပေးနှစ်သိမ့်ရမယ်"
"မင်း ဘာလို့ သော်စိတ်ကို မသိရတာလဲ၊ ငါတောင်းပန်ပါတယ် တမံ ဒီတစ်ကြိမ်တော့ မင်းဆန္ဒကို ရှေ့တန်းမတင်ဘဲ သော် စိတ်လွတ်လပ်သလို နေပါစေကွာ ငါတောင်းပန်ပါတယ်"
တမံက စိတ်မလျှော့ဘဲ အထဲဝင်ရန် အတင်းလုပ်နေသည်။ ကိုစံလင်းက အစောင့်များကို မျက်နှာရိပ်ပြကာ လုံးဝ အဝင်မခံ။ အခန်းရှေ့ သူတို့ရုန်းရင်းဆန်ခတ်ဖြစ်နေခိုက်
"အစ်ကိုမံ"
တိမ်တယံ ရောက်လာသည်။ တမံက တယံကို မြင်မြင်ချင်း ဘာလာလုပ်တာလဲ မျက်ဝန်းများဖြင့် စူးစိုက်ကာကြည့်၏။ တယံက အခန်းရှေ့ဖြစ်ပျက်နေသည်များအား စူးစမ်းနေစဉ် ကိုစံလင်းက
"တယံ လာခဲ့ပါ"
တယံလက်ကိုဆွဲ အထဲဝင်ရန် လုပ်သည်။ တမံ လက်မခံနိုင်စွာ သူတို့နှစ်ယောက်လက်ဆွဲထားတာကို အတင်းဖြုတ်ချပြီး
"ကိုစံလင်း တစ်ခုခုမှားနေတာလား .. မံ ကိုတော့ ဝင်ခွင့်မပေးဘဲ သူ့ကို သူ့ကို ဘာလို့"
ကိုစံလင်းက ဘာမှမပြောဘဲ တယံလက်ကိုပြန်ဆွဲ၍ အထဲဝင်သွားတော့သည်။
တမံ တံခါးရှေ့ ငူငူငိုင်ငိုင်ကြီး ရပ်ကျန်ခဲ့လျက်
ဘာတွေဖြစ်ကုန်တာလဲ .. လောကကြီးက ဘာတွေဖြစ်နေတာလဲ။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020