"Congratulation Zylen"
"thank you"
ပေးလာသောပန်းစည်းကို တရိုတသေကမ်းယူပြီး Zylenကတော့ ဖော်ဖော်ရွေရွေပြုံးပြသည်။ Zylenဘေးက တမံသည် သူ့မူအကျင့်အတိုင်း နှုတ်ခမ်းစွန်းနှစ်ဖက်တွန့်ရုံ မျက်လုံးတွေ လခြမ်းကွေးလေးဖြစ်သည်အထိ ကွေးညွှတ်မှိတ်ကျကာ အားစိုက်ပြုံးနေသည်က ဟန်ဆောင်ကာမူပိုနေမှန်း တအားသိသာသည်။
Zylenနာမည်နှင့် Dance Studioအသစ်ဖွင့်ပွဲသည် အကဝါသနာရှင်တို့၏ သူစွမ်းကိုယ်စွမ်း ထုတ်ပြအပြိုင်ချဲကြသည့် Dance Battleတွေနဲ့ ဆူညံပွက်လောရိုက် စည်ကားနေ၏။
လူငယ် အကဝါသနာရှင်၊ အဆိုဝါသနာရှင်များ စုပေါင်းဆုံသွားကြပြီး အချင်းချင်းပညာဖလှယ်နေကြသည်။ ဝါသနာတူများဆုံမိတော့ ပြောစရာအကြောင်းအရာတွေက မကုန်နိုင်မခမ်းနိုင်။ သူတို့အချင်းချင်းအဖွဲ့ကျနေကြသည်။
Professionalမော်ဒယ်အချို့နှင့် တက်သစ်စမော်ဒယ်ပေါက်စကလေးတွေပါ ပျော်ပျော်ပါးပါးရောက်နေကြသည်။ ဒီပုံစံအတိုင်းဆို ရှေ့လျှောက် Zylen Studioသည် များစွာ အလုပ်ဖြစ်ပေဦးမည်။ Zylenနှင့်ရင်းနှီးသော မီဒီယာအချို့ကိုသာ ဖိတ်ကြားလက်ခံထားပြီး စွတ်စွတ်ရွတ်ရွတ် အင်တာဗျူး၊ ဗီဒီယိုရိုက်ကူးခြင်းများကို ကန့်သတ်ထားသည်။ ထို့ကြောင့် လာရောက်ကြသူများသည် လွတ်လွတ်လပ်လပ်ရှိနေကြ၏။
ရောက်နေပြီးသောသူများက အပေါင်းအဖော်များကို ဖုန်းဆက်ခေါ် ချိန်းဆိုကြဘာကြနှင့် တဖွဲဖွဲ လူဝင်မဆုံးဖြစ်နေသည်။ နေရာက ကျယ်လွန်း၍သာ တော်ရော့သည်။
ရင်းနှီးပွင့်လင်းသော လူမှုဝန်းကျင်တွင် အချို့က လက်ဆွဲရုံနှင့်မပြီး ပွေ့ဖက်တာပါလာတော့လည်း အလိုက်သင့်နေပေးရသည်။ တမံသည် ယသော်ဘေးကပ်ရပ်နေလျက် လာသမျှလူတိုင်းကို ပြုံးပြနှုတ်ဆက်နေရသည်။
ပြုံးရလွန်း၍ ပါးနှစ်ဖက်လုံး ညောင်းကိုက်လာ၏။ သော်ကို ဂုဏ်ပြုစကားပြောသွားကြရင်း သော်ဘေးရပ်နေသည့် တမံကိုပါ ပွေ့ဖက်နှုတ်ဆက်သွားကြသည်။ ပွဲစတည်းက တမံသည် ယသော်ကို အပျောက်မခံ။ ဘေးမှာပဲ ရှိနေစေသည်။ တစ်ယောက်တည်းဆို ပြုံးဖို့ခက်ခဲလှသော တမံသည် ယသော်ဘေးမှာရှိနေပေးရင် အပြုံးတွေက လွယ်လွယ်ဖြစ်တည်လာတတ်လို့။

YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020