ခိုင်မြဲနှောင်ဂွင်တစ်ဂွင်တွေ့ထားတယ်။ စာသင်ခန်းမှာ မိန်းကလေးဘက်အခြမ်း၊ ယောက်ျားလေးဘက်အခြမ်း ကျောက်သင်ပုန်းနှစ်ချပ်ရှိတယ်။ ယောက်ျားလေးဘက် ကျောက်သင်ပုန်းမှာ ဆရာမစာရေးပြီဆို အနောက်က အပုကောင်တွေဟာ သူတို့စာမမြင်ရလို့ ရှေ့ဆုံးတန်းကခိုင်မြဲနှောင်တို့အရှည်ကြီးတွေကို သောင်းကျန်းအော်ဟစ်ကြတယ်။
"တာတေကြီးရေ့ မမြင်ရဘူး၊ ခေါင်းလေးနည်းနည်းငုံ့ပေးပါ"
"တာတေကြီးရေ့ ငြိမ်ငြိမ်လေးနေပေးပါ"
"တာတေကြီးရေ့ ခေါင်းလေးမှောက်ထားပေးပါ"
အဲ့လိုအဲ့လို ပွက်လောရိုက်နေချိန် တိမ်တမံကတော့ ခပ်တည်တည်ပဲ သူ့စာအုပ်ကိုယူ ခိုင်မြဲနှောင်တို့ရှေ့ဆုံးတန်းကို လာကပ်သပ်ထိုင်ပြီး စာရေးလေ့ရှိတယ်။ တိမ်တမံရောက်လာရင် သူတို့အတန်းက အရှည်ကြီးတစ်ကောင်ဟာ အလိုက်တသိ နေရာဖယ်ပေးရစမြဲ။
ဒီလိုဆို ခိုင်မြဲနှောင်တို့အကြိုက်ပဲ။ ဟိုဘက်ကျောက်သင်ပုန်းက စာကိုကြည့်သလိုလို တိမ်တမံကို စာအုပ်နဲ့ကွယ်ထားပြီး မျက်လုံးလေးဖော်ရုံ လက်မေးထောက်ပြီး ဘေးစောင်းထိုင် ငေးတာ ငေးတာ ဘာစာမှမရေးဖြစ်ဘူး။
တိမ်တမံနဲ့သူနဲ့ကြား ဒီလောက်အနီးကပ်ကြီးတစ်ခါမှ မနေဖူးဘူး။ အဝေးကနေငေးရတဲ့ တိမ်တမံနဲ့ အနီးဆုံးနေရတုန်း ခိုင်မြဲနှောင်သေချာကြည့်ထားတယ်။ တကယ်ကိုပဲ သိချင်တာက တိမ်တမံဟာ တိမ်တွေကိုစားပြီး ကြီးပြင်းခဲ့တာများလား။ သူ့မိဘတွေ သူ့ကိုဘာကျွေးပြီးမွေးထားလို့ တိမ်တမံအသားအရေက စိုပြေနုဖက်နေရတာလဲမသိဘူး။
အသားဖြူပေမဲ့ သူများတွေ မွဲခြောက်ခြောက်ကြီးမဟုတ်ဘူး။ အထူးသဖြင့် လည်တိုင်၊ လက်နဲ့ခြေထောက်မှာ စိမ်းမြရောင် အကြောစိမ်းတွေ ယှက်နေတာကို မြင်နေရတဲ့အထိ တိမ်တမံအရေပြားက ပါးလွှာတယ်။ ကြော့ရှင်းတဲ့လည်တိုင်၊ နားထင်နားကမှဲ့နက်ကလေး နားရွက်နား တိတိကျကျ သေသပ်နေတဲ့ ဆံပင်ဒေါက်ရှည်ရှည်၊ နားရွက်ဖျားကလေးရဲနေတာက အသည်းယားဖို့ကောင်းလွန်းတယ်။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020