53

2.7K 411 163
                                    

"ကိုယ်တို့ဟာ မဟုတ်ဘဲနဲ့ ကိုယ့်အိတ်ကပ်ထဲ ပစ္စည်းက ရောက်နေတာဆိုတော့ ထည့်တဲ့သူရှိရမယ်၊ ကိုယ်စဉ်းစားကြည့်တယ် ဒီအင်္ကျီကိုစဝတ်ပြီး အိမ်ထဲက ထွက်လာတဲ့ အချိန်ကနေ မံကို အခန်းမှာ တစ်ယောက်တည်း ထားခဲ့တဲ့အထိ ကိုယ်စဉ်းစားတယ်၊ ဖြစ်နိုင်ခြေအရှိဆုံးက Barရောက်မှ အထည့်ခံရတာ အဖြစ်နိုင်ဆုံးပဲ"

အားတက်သရော သော်ပြောနေတာကို နားထောင်ရင်း တမံ မျက်နှာတဖြည်းဖြည်းပျက်လာသည်။ တရားခံကိုဖော်ထုတ်ရန် သော် အားစိုက်ကြိုးပမ်းနေတာသိသိလျက် တရားခံကိုမဖော်ထုတ်နိုင်မချင်း သော် စိတ်မချမ်းသာနိုင်တာ သိသိလျက် တမံ ကြည့်နေရုံပဲ ကြည့်နေမိသည်။

"ဒါကြောင့် ကိုယ် CCTVတွေကို ပြန်ရှာကြည့်တယ်၊ အဲ့ညက အတူရှိခဲ့တဲ့လူစာရင်းကိုရော ကိုယ်အားလုံး ရှာကြည့်ခဲ့တယ်"

သော်က Mac Bookကို လှန်ဖွင့်ပြီး လက်ချောင်းတွေ ခပ်သွက်သွက် ရွေ့လျားလှုပ်ရှားသွားကာ ဒေါက်ခနဲ Enterခေါက်ချပြီးနောက် တမံဘက် စကရင် လှည့်ပေးလိုက်သည်။ CCTVမှတ်တမ်းမှာ ရိုက်မိနေသည့် လူတစ်ယောက်ပုံ။ တမံ အကြီးအကျယ် တုန်လှုပ်သွားပါ၏။

"ဒီတစ်ယောက်ပဲ ... ဒီတစ်ယောက် ကိုယ်တို့အခန်းကို Service ပေးခဲ့တဲ့ Waiter မှတ်မှတ်ရရ သူ့လက်ခုံပေါ်မှာ ထူးခြားတဲ့တက်တူးရှိတယ်၊ ကိုယ်ထပ်ရှာကြည့်တော့ သူက ဆိုင်ဝန်ထမ်းမဟုတ်ဘူး၊ သူ့ကိုလည်း ဘယ်သူမှ မသိကြဘူး၊ ကိုယ်တို့အခန်းကို Serviceပေးရမဲ့ ဝန်ထမ်းကိုယ်စား သူက အယောင်ဆောင်နေတာပဲ၊ တကယ့်ဝန်ထမ်းအစစ်က စတိုခန်းထဲမှာ ကြိုးတုပ်ခံထားရတာပဲ၊ ကိုယ့်အိတ်ထဲကို ထည့်တဲ့သူက ဒီကောင်ပဲ မံ"

"...."

"ကိုယ် သူ့ကို ရှာထားတယ်၊ မကြာခင် သိရတော့မှာပါ၊ သူဘယ်သူလဲ သူ့နောက်ကွယ်မှာ ကြိုးကိုင်သူရှိသလား ... သူတစ်ယောက်တည်းပဲလား ... ကိုယ်တို့ဆက်ရှာဖို့ မခက်ခဲတော့ဘူး"

သော်က အချိန်နှစ်ရက်ကြာကုန်ခဲ့ပြီးနောက် တရားခံနှင့်နီးစပ်လာသည်ကို အားရနေသည့်ပုံ။ သော်ဖုန်းသံမြည်လာ၏။ သော်က ဖုန်းခေါ်ဆိုသူကို ကြည့်ပြီး

ChillWhere stories live. Discover now