"သူ့ကို ဒီအတိုင်းလွှတ်ထားတော့မှာလား"
Koeကိုင်ထားသောဖန်ခွက်ကို သူ့ဖန်ခွက်နဲ့တိုက်ပြီး ခါးသက်သောအရည်ကို မော့သောက်လိုက်၏။
"လွှတ်ထားလိုက်၊ သူမူးတာက ထိန်းမဲ့သူရှိတယ်၊ မင်းသာ အလွန်အကျွံမဖြစ်စေနဲ့၊ ပလက်ဖောင်းသောဘာသော ငါနားမလည်ဘူး၊ အာရုံနောက်လာရင် ပစ်ထားခဲ့မှာ"
Koeနှင့်Kyleနှစ်ဦးစလုံး၏ မျက်လုံးအကြည့်တွေသည် ရောင်စုံမီးရောင်အောက် Dancing Floorပေါ် လက်ညှိုးတစ်ချောင်းထောင်မြှောက်ကာ ခေါင်းငိုက်စိုက်ချ ခန္ဓာကိုယ်လှုပ်တုပ်လှုပ်တုပ်ကနေသော တိမ်တမံဆီသို့။ အလွန်အကျူးခါရမ်းရုပ်ပျက်နေတာ မဟုတ်သော်လည်း သူ့အရှိန်နှင့်သူကောင်းနေမှန်း အဝေးကကြည့်ရုံ သိသာသည်။
"ဟော ... မင်းပြောတဲ့သူ ရောက်လာပြီ ... ဟိုးမှာ"
Koeလက်ညှိုးညွှန်ပြရာသို့ မျက်လုံးကလိုက်ကြည့်လိုက်၏။ အထဲကို တောင်ကြည့်မြောက်ကြည့် ပျာပျာသလဲ ဝင်လာပါသော Zylen။ နှစ်ဦးသားခေါင်းချင်းဆိုင်အဖြေတိုက်စရာမလို တိမ်တမံကို လာခေါ်တာဖြစ်မှာပေါ့။ သူတို့ကြည့်နေတုန်း Zylenသည် လူအများကြီးကြားထဲက တမံကိုတွေ့သွားပြီး အနားရောက်သွား၏။
မူးနေသည့်တမံက Zylenပါးနှစ်ဖက်ကို အကြိမ်ကြိမ်နမ်းရှုံ့နေသည်။ Zylenကိုမှီနွဲ့၍ ပွတ်သီးပွတ်သပ် လိမ်ဖယ်ကနေလျက်။ နှစ်ဦးသား နားနားကပ် ဘာတွေပြောနေလဲမသိ။ သေချာတာတော့ မူးနေသည့်တမံကရစ်နေပြီး Zylenကချော့မြှူနေတာဖြစ်လိမ့်မည်။ ပြီးနောက် တမံခါးကိုကိုင်၊ Zylenပခုံးပေါ် တမံခေါင်းစိုက်လျက် တရွတ်တိုက်ပါသွားသည်။
************************************
အရက်အားကိုး၍ အဘယ်မျှကြာအောင် ယိမ်းနွဲ့ကာကနေသလဲမသိ။ မွန်းကြပ်ပိတ်လှောင်ဆူညံနေသည့် ခန်းမထဲမှ တမံလွတ်မြောက်ပြီးပြီးချင်း Zylenတွဲထားသည့်ကြားက ခြေထောက်ခွေကျသွားသည်။ မောပန်းနုန်းကျကာ အီနေသည့်တမံကို တွဲခေါ်ပြီး ကားပေါ်တင်လိုက်သည်။
မောင်းသူနေရာကဝင်ထိုင်လိုက်ပြီး တမံကိုယ်ကို safe belt ပတ်ပေးလိုက်သည်။ တမံကမူးရူးပြီး နောက်တစ်နေ့ အရက်၏နောက်ဆက်တွဲအကျိုးတွေကို အတော်ခံရ၍ တော်ရုံမသောက်တတ်။ အရက်ကိုကြောက်စိတ်ကြောင့် တမင်ရှောင်သည်။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020