12

4.1K 897 388
                                    

"Kyle!!!"

တမံလှမ်းအော်ခေါ်လိုက်တော့ မောင်းသူဘက်က ကားတံခါးကိုဖွင့်ပြီး ကားထဲဝင်တော့မည့် သူသည် လှည့်ကြည့်လာ၏။ သူ့ကားရှေ့မျက်နှာချင်းဆိုင်တည့်တည့်မှာ တမံတို့ကားရပ်ထားသည်။

"ဒါလည်း ခင်ဗျား အကြံအစည်ပဲလား"

သူကစိတ်ရှုပ်သွားသလို ဆတ်ခနဲ ခေါင်းစောင်းပြီး တမံကို မျက်မှောင်ကုတ်ကြည့်သည်။ ဘာလဲဆိုတဲ့အထာ။

"ဒီနေ့အားလုံးထက် .. မံထက်... နောက်ကျအောင် တမင်စောင့်ဝင်လာပြီး အာရုံနောက်စရာပြကွက် ဖန်တီးလိုက်တာက ခင်ဗျားအကြံအစည်ပဲလားလို့"

"ယူ ပြောတာ နားမလည်ဘူး"

ကားတံခါးဘောင်ပေါ်တင်ထားသည့် သူ့ဘယ်ဘက်လက်ချောင်းတွေကို ကြည့်ကာ လက်သန်းကြွယ်ထက် ထင်းနေသည့်မှဲ့နက်ကလေးမှာ တမံအကြည့်တွေတန့်သွား၏။

ဒီလက်ချောင်းတွေပဲပေါ့။ ခင်ဗျားဖြစ်နေခဲ့တာလား...။ ဘယ်လောက်တောင် အနုပညာမြောက်တဲ့ အလှတရားဖြစ်နေလို့ တိမ်တမံရဲ့ မသိစိတ်ထဲ တွယ်ငြိတဲ့အထိ ကပ်ပါလာနိုင်ခဲ့တာလဲ။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ... မိုးတွင်းက ကပ်ပါးကောင်တွေလို။

ထိုနေ့ကသူပတ်ပေးခဲ့သည့်အတိုင်း တမံလက်ကောက်ဝတ်က မဖြုတ်ဖယ်ရသေးသည့် လက်ပတ်လေးကို မမြင်စေလို၍ လက်ကိုအနောက်ဝှတ်ထားမိသည်။

"ခင်ဗျား ဇာတ်ညွှန်းရေးစားပါ့လား... တအားအောင်မြင်မှာ၊ လူတစ်ဖက်သားကို စိတ်အနှောက်အယှက်ဖြစ်ရအောင် သိပ်ဇာတ်လမ်းဆင်တတ်တယ်၊ attentionယူတဲ့နည်းဗျူဟာ သိပ်တော်တယ်"

သူက မျက်မှောင်ကြုတ်ကာသာ တမံကို နှုတ်ဆိတ်ကြည့်နေသည်။ စိတ်ညစ်ညူးရကြောင်း အရိပ်အယောင်တွေကို သူ့မျက်ဝန်းမှာ မြင်နေရသော်လည်း တမံ မသိကျိုးကျွံပြုလိုက်၏။

မြွေမြွေချင်းခြေမြင်တာမို့ Kyle ... ခင်ဗျားဘာကိုကြံနေလဲ မံ သိနေတယ်။ ဟောဒီကတိမ်တမံကို အလမ္ပာယ်ပြုဖို့ ကြံစည်နေတာမဟုတ်လား။

"မံ တို့ စကားပြောကြရအောင်"

သူ့မျက်ဝန်းက အရိပ်အယောင်တွေကို ဖမ်းကိုင်မိပါလျက် ပြောပြီး ယုံကြည်မှုအပြည့် လှည့်ထွက်လိုက်တာက သူလိုက်လာမယ်ပေါ့။

ChillWhere stories live. Discover now