"မွေးနေ့ပါတီ အတော်မှပျော်ခဲ့ရဲ့လား တိမ်တမံ"
အသံကြားရာသို့ တရေးတယူလှမ်းကြည့်မိသည့် ကိုယ့်ကိုယ်ကိုယ် ကြိတ်ကာကျိန်ဆဲမိသည်။ တမံစိတ်ရှုပ်ထွေးနေချိန် မည်သူနှင့်မှ စကားမပြောချင်။ အထူးသဖြင့် တမံကို ခနဲ့ရန်သက်သက် ပါးစပ်ပါလာသည့် Kyleနှင့် ပိုလို့မပြောချင်။ ကြည့်တုန်းကကြည့်မိပြီး သူ့ကိုမြင်သည်နှင့် တမံက ချက်ချင်းခေါင်းငုံ့ကာ ခြေသွက်သွက်လှမ်းလိုက်သည်။ တမံကိုပဲစောင့်နေသလား၊ တိုက်ဆိုင်လို့ပဲလားမသိ။ ဝရန်တာကိုမှီပြီး ရပ်နေသောသူက ခြေတစ်လှမ်းချင်းစီလှမ်း၍ တမံသွားမည့်လမ်းကို ပိတ်လာသည်။
"ဘယ်လိုလဲ မွေးနေ့ပါတီကို အချုပ်ခန်းမှာ ကုန်ဆုံးခဲ့ရတဲ့အမှတ်တရက နောက်နှစ်ပေါင်း၁၀၀အထိ မေ့နိုင်မယ်မထင်ဘူး"
တိမ်တမံသည် သူ့ကို ဆတ်ခနဲမော့ကြည့်လာ၏။
"မင်းကောင်ဖန်တီးပေးတဲ့ မွေးနေ့ပါတီက သောက်ကျိုးနည်းကြီးပဲ၊ ဒါ့အတွက်ကြောင့် ငါ့ဆီမလာခဲ့တာလား၊ မင်းသာ ငါ့ဆီလာခဲ့ရင် မွေးနေ့ကို အချုပ်ခန်းမှာ ကျင်းပရမှာမဟုတ်ဘူး၊ အခုထိ မင်းရွေးချယ်မှုမှန်တယ်လို့ ထင်နေတုန်းလား"
နှုတ်ခမ်းစောင်းသိပ်ထက်ပါတယ်ဆိုတဲ့ တိမ်တမံက အခုချိန်မှာတော့ ရေငုံနှုတ်ပိတ်နေသည်။ တိမ်တမံ မခံမရပ်နိုင်ဖြစ်ပြီး အသည်းအသန် ဖြေရှင်းလာမှာကို သူကြားချင်သည်။
"မထင်ထားဘူး ငါနဲ့အိပ်ခဲ့တဲ့လူက ဆေးသမားတဲ့လား"
"မဟုတ်ဘူး ... မံ ဆေးသမားမဟုတ်ဘူး၊ မံ ဆေးမသုံးဘူး၊ အဲ့ဒါတွေက မံဟာမဟုတ်ဘူး"
"ဒါဆို ဘာလို့ မင်းအိတ်ကပ်ထဲ ရှိနေတာလဲ၊ အဲ့ဒါတွေရှိနေတာ ဘာလို့မင်းအိတ်ကပ်ထဲ ဖြစ်နေတာလဲ!!!"
"အဲ့ဒါ အဲ့ဒါက..."
တမံ အပြောရခက်နေမိသည်။ နှုတ်ခမ်းဖျား တဆတ်ဆတ်တုန်ယင်နေလျက် မျက်လုံးအိမ်ထဲက မျက်ဆန်သည် ယောက်ယတ်ခတ်နေ၏။ သော်ပြောတော့ အဲ့ဒီနေရာမှာရှိနေခဲ့သူတွေကလွဲ ဘယ်သူမှမသိဘူးဆို၊ သိနေတဲ့ပါးစပ်ပေါက်တွေကိုလည်း ပိတ်ထားတယ်ဆို... အခု Kyleက ဘယ်လိုသိနေတာလဲ။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020