68

1.8K 317 31
                                    

"အခု နင့်ကိုယ်နင် နင် ဘာလုပ်နေလဲ အသိတရားကပ်ရဲ့လား ခိုင်မြဲနှောင်"

"ဒေါ်လေးငယ်..."

ဒေါ်လေးငယ်က မတ်တပ်ရပ်လျက်။ စားပွဲပေါ် ရေဖန်ခွက်ကို ဆတ်ခနဲကောက်ကိုင်ပြီး လမ်းဘေးမှာ ရေဆိုးရေညစ် သွန်ပစ်သလို သူ့မျက်နှာပေါ်တည့်တည့် ဗြန်းခနဲ ပက်ပစ်သည်။ ခိုင်မြဲနှောင်က မထူးဆန်းသလို တစ်သျှူးစများကို ဆွဲထုတ်ကာ ခပ်အေးအေး အမူအရာမျက်နှာထားဖြင့် မျက်နှာကို ရေပြန်သုတ်၏။ ယိုင်နဲ့ပင်ပန်းစွာ တင်မီမီကိုသည် ထိုင်ခုံပေါ် ဒူးညွှတ်ကျထိုင်သည်။

"Zylenကို သင်ခန်းစာပေးရုံသက်သက်ဆို ဒီလောက်နဲ့ တော်သင့်ပါပြီ၊ ကျွန်တော် သူ့ကို ပျက်စီးတဲ့အထိမဖြစ်စေချင်ဘူး ... ဒါကျွန်တော့်စိတ်ရင်းပဲ"

"Zylenကို နင် ဘယ်တုန်းကမှ မလိုလားခဲ့ဘူး၊ မယှဉ်နိုင်တော့လည်း မုန်းတီးတယ်၊ နင်းချေနိုင်ချိန်ရောက်တော့လည်း မရက်စက်နိုင်ဘူး၊ မုန်းနေတုန်းကလည်း နင်ပူလောင်တယ်၊ မရက်စက်နိုင်တော့လည်း နင်ပင်ပန်းတယ်၊ နင် မမြင်သလို မကြားသလိုပဲ နေပါ၊ ဒီအဒေါ်က နင်ကိုယ်တိုင် မလုပ်နိုင်တာတွေကို ကိုယ်စား ဖြေရှင်းပေးနေတာ"

Kyleပါးတစ်ဖက်ကို အုပ်ကိုင်ကာ မျက်လုံးချင်းဆုံစေလျက် လေသံတိုးတိုး ဆိုသည်။ တူတော်မောင် မျက်ခမ်းစပ်၌ အရည်ကြည်ကလေး အိုင်ထွန်းစပြုလာသည်။

ကျစ်! ပျော့ညံ့လိုက်တာကွယ်

ဒီအမျိုးသမီးက ဓါးလိုထက်သော စကားများ ဆိုခဲ့သည့် Zylenပင် မျက်ရည်တစ်စက်မကျခဲ့။ ဒီအမျိုးသမီး ချော့မြှူနေတဲ့ ကောင်လေးကျမှ မျက်ရည်စများ ခိုသီနေရသလဲ။

"အကူအညီမပေးရင်နေ အနှောက်အယှက် မပေးနဲ့... ငါ ပြောချင်တာကို နားလည်လား"

ဒေါ်လေးငယ်လက်တွေကို သူအတင်းအရုန်း ဆွဲဖယ်လိုက်စဉ် အမှတ်တမဲ့ သူမ လက်သည်းချွန်ထိပ်ဖျားနှင့် သူပါး ယှက်မိကာ စူးခနဲဖြစ်သွားသည်။

"PROအနာဂတ်အတွက် လက်ရှိမှာ ဒေါ်လေးငယ် အပြုအမူအတွေးအခေါ်တွေက အဆိပ်အတောက်ဖြစ်နိုင်တယ်၊ ဒီလောက်နဲ့ပဲ အဉ္ဇလီကို ထုတ်ပေးလိုက်ပါတော့"

ChillWhere stories live. Discover now