"ကိုကြီး အခုသမီးတို့လာတာကို တမံလေးမသိထားဘူးပေါ့နော်"
"ဒါပေါ့ ညီမလေးရဲ့ ကိုယ့်ကောင်လေး စပရိုက်တအားဖြစ်သွားမှာ၊ အခုချိန် အိပ်ပုပ်ကလေးက နိုးမှာတောင်မဟုတ်သေးဘူး"
ကိတ်မုန့်ပေါ် ကိန်းဂဏန်း 3ပုံစံ ဖယောင်းတိုင်ကို စိုက်လိုက်ပြီး မူပိုင်အပြုံးကလေးဖြစ်သော မြင်သူတကာနှစ်လိုချစ်ခင်စရာ ပကတိအကြည်ဓာတ်ပါအပြုံးကလေးကို စိတ်လိုလက်ရပြုံးလိုက်သည်။ အားလုံးပြင်ဆင်ပြီးတော့ သူ့ရင်ထဲပီတိချမ်းမြေ့မှုက ပါးစပ်နားရွက်တက်ချိတ်တော့မည်။
ချစ်ရသောတမံနှင့် အမှတ်တရနေ့တွေအတွက် ကိုယ်တိုင်လုပ်ကိတ်မုန့်နဲ့ မျက်နှာရချင်လို့ ချစ်သူမဖြစ်ခင်တည်းက မုန့်ဖုတ်သင်တန်းတက်ခဲ့သည်။ အမှတ်တရနေ့တွေအပြင် ချစ်သူကလေးတောင်းတတဲ့အချိန်တိုင်း Dance Practiceတွေနဲ့ မအားလပ်လည်း သူကိုယ်တိုင်လုပ်ပေးခဲ့သည်မှာ မငြိုမငြင်။
မော်ဒယ်တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ဝိတ်အလေးချိန်ကို အထူးဂရုစိုက်တတ်သော ချစ်ရသူသည် ချိုအီစိမ့်တွေကို ကြိုက်တတ်ပါလျက် စားချင်တာမစားဘဲ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းတတ်သည်။ ထိုအခါတိုင်း ကယ်လိုရီအနည်းဆုံးနှင့် low fatဖြစ်သော မုန့်ကို သူလုပ်ပေးတတ်စမြဲ။ သူ့ဝါသနာ Professionalအလုပ်အကိုင်ဟာ Dancerဖြစ်နေပါလျက် ချစ်သူအတွက်တော့ Personal Bakerလေးသာ။
အရုပ်တွေ၊ ပူစီပေါင်းတွေ၊ လက်ဆောင်တွေကို မနိုင်မနင်းကိုင်ထားကြလျက် သူတို့နှစ်ယောက်ပုံ ရိုက်နှိပ်ထားသော T Shirtကိုယ်စီဝတ်ထားကြသည့် ကလေးမလေးတစ်သိုက်သည် လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးနေကြရင်း ပျော်နေကြ၏။
မနက်စောစောစီးစီး သူတို့အဖွဲ့သည် တမံတို့အိမ်ဦးခန်း ဧည့်ခန်းမှာ ရောက်နေကြတာြဖစ်သည်။ နားလည်မှုရှိသည့်တမံမိဘတို့သည် လူငယ်တွေအချင်းချင်း သူတို့အဖွဲ့ တစ်ယောက်တစ်ပေါက် ဆူညံရင်းအလုပ်ရှုပ်နေကြတာကို ဝင်မစွတ်ဖက်ပဲ လွတ်လွတ်လပ်လပ်သာနေစေသည်။ အပေါ်ထပ်အိပ်ခန်းမှာ နှစ်ခြိုက်စွာအိပ်ကောင်းနေမည့် ချစ်ရသူကတော့ သူ့အိမ်အောက်ထပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်ဘူးထင်၏။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020