70

1.9K 354 71
                                    

အညိုရောင်စက္ကူအိတ်ကို စားပွဲပေါ် မှောက်သွန်သည်။ သောက်ဆေး၊ လိမ်းဆေး၊ အရက်ပြန်ဗူး၊ ပတ်တီးလိပ် တို့ကို တစ်ခုချင်းစီ ကိုင်ကြည့်သည်။ ဖုန်းကိုကောက်ကိုင်သည်။ Blacklistထဲ ရောက်နေသော နံပါတ်တစ်ခုကို unbolck လုပ်ရန် လက်ချောင်းတို့က တွေဝေနေ၏။

ဆေးထုပ်ကိုပြန်ကြည့်လိုက်၊ စိတ်မတွေ့စွာ ပစ္စည်းအားလုံး ပြန်ကောက်ထည့်လိုက်။ အကြိမ်ကြိမ် ပြုလုပ်နေခဲ့ပြီးနောက် သူ တွေဝေတုန့်နှေးခြင်းများစွာထဲကနေ Kyleဖုန်းနံပါတ်ကို Blockဖြည်လိုက်နိုင်ပါသည်။ နဂိုအတိုင်း "ကလေးအဖေ" Contact nameကို ပြန်မပေးဖြစ်။ "K" ဟု Saveထားလိုက်သည်။

ခဏအကြာ ... လူ့စိတ်ဆိုတာ အခက်သားလား။ အမုန်းကြီးမုန်းခဲ့တုန်းက ပြတ်သားနေနိုင်ခဲ့သမျှ ဖုန်းနံပါတ် Blockဖြည်ပြီးရုံရှိသေး လူကို ပြေးတွေ့ချင်လာသည်။ Blockထားတုန်း ဖုန်းမစောင့်ခဲ့ပေမဲ့ Blockဖြည်ပြီးချိန်ကစ၍ "K" Contac‌t နှင့် ဖုန်းအဝင်ကို မျှော်လင့်မိပါသည်။

ဒါတွေကြောင့် ခင်ဗျားကို unblock မလုပ်ပေးချင်တာ။

****

နောက်ယောင်ခံ လိုက်ခိုင်းထားသောလူ ပို့လာသည့် ပုံတွေကို ကြည့်ကာ ပန်းဇလပ်ဝါ အသည်းဆတ်ဆတ်ခါနာသည်။ Kyleဖုန်းကို သူမ ဆက်သည်။ စက်ပိတ်ထား၏။ Kyle ရှိသည့် ထိုနေရာသို့ ချက်ချင်း အရောက်သွားကာ ဝုန်းဒိုင်းကြဲ သောင်းကျန်းပစ်ချင်သည်။ သူမမှာ လုပ်ပိုင်ခွင့် မရှိ။

ယခု Kyleအပြုအမူတို့အတွက် Kyleကို သူမအပြစ်ပေးချင်သည်။ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေချင်သည်။ ထပ်မလုပ်ဝံ့အောင် နောင်ကျဉ်စေချင်သည်။ ထိုကဲ့သို့ Kyleနှင့်ပတ်သက်၍ အချုပ်အခြာ အာဏာတို့ သူမ လက်ဝယ်မပိုင်ထား။ ကိစ္စတော့မရှိ...။

နှုတ်ခမ်းတစ်ဖက်ကို ကြည့်ရဆိုးအောင် တွန့်လျက်

"ရတယ် Kyle ... ကျွန်မက ရှင့်ကို မနိုင်လည်း ရှင့်ကိုနိုင်တဲ့သူကို လွှတ်ပေးလိုက်မယ်"

Kyleပုံတို့ကို တိမ်တမံဖုန်းနံပါတ်သို့ Forward လုပ်ပေးလိုက်သည်။ နေရာအတိအကျကိုပါ ညွှန်ပေးလိုက်၏။

*********

"အားစ် ... ဖက်ထားစမ်းပါဦး ...
ရင်တွေ ခုန်တယ်လေ မ ရဲ့ မောင်လေး
အသည်းလေးတုန်တယ်လေ မ ရဲ့ မောင်လေး..."

ChillWhere stories live. Discover now