15

4.4K 922 323
                                    

"ပွဲကောင်းနေကြပြီလား"

အခန်းတံခါးဖွင့်လိုက်တာနှင့် အားလုံးကို သော်က အသံပြုလိုက်၏။ အလုံပိတ်အခန်းထဲ မိုက်ကိုခဲ အော်ကြောလန်အသံတွေကြောင့် တမံအတော်စိတ်ညစ်သွားသည်။ သူတို့ရောက်တော့ သီချင်းဆိုနေတာ ခဏအသံပိတ်လိုက်၏။

"Zylenပါ ပါလာတာပဲ၊ လာပါ လာပါ ထိုင်ပါ"

ဒါရိုက်တာကြီးကိုယ်တိုင်ထလာပြီး သော်လက်တစ်ဖက်ကိုဆွဲ လာနှုတ်ဆက်ကာ ကြော်ငြာအပ်သည့် ကုမ္မဏီပိုင်ရှင် CEOဘေး နေရာပေး၏။ သော်က အနောက်ရောက်သွားသည့် တမံကို သတိတရလက်ဆွဲခေါ်ပြီး ဒါရိုက်တာကြီးချပေးသော နေရာမှာ တမံကိုအရင်ထိုင်ဖို့ ဦးစားပေးသည်။

"အဲကွန်းအေးတယ်၊ အလယ်မှာထိုင်နော်"

မျက်နှာမကြည်မသာဖြစ်နေသည့် တမံက ပြီးပြီးရော ခေါင်းညိမ့်လိုက်သော်လည်း

"ထိုင်ချင်ရဲ့လား၊ ဟိုဘက်မှာ ထိုင်မလား"

သူများအသားနဲ့ထိနေရသည့် ဟိုဘက်ဒီဘက်အလယ်ကြားထဲမထိုင်တတ်သော တမံကို မျက်နှာရိပ်မျက်နှာကဲသိနေသည့် သော်ကမေး၏။ အရှေ့မျက်နှာချင်းဆိုင်နေရာသို့ တမံအကြည့်ရောက်သွားသည်။

တယံနှင့်Kyleရှိနေ၏။ သန့်စင်ခန်းထဲ တမံကြာနေ၍ ကားပါကင်မှာကျန်ခဲ့သော Kyleက သူတို့ထက်အရင် ရောက်နှင့်နေတာဖြစ်မည်။ တကယ်ကိုပဲ တမံဒီနေရာမှာ နေချင်စိတ်မရှိပါ။ တယံက သူတို့ကိုပြုံးကာ ဦးညွှတ်ပြနေ၏။ မထိုင်တော့ဘူးလို့ ငြင်းမည့်အရေးသည် ပမာမခန့် ကြည့်နေသည့် မျက်လုံးတစ်စုံကြောင့်

"အင်း ဟိုဘက်မှာထိုင်လိုက်မယ်"

မင်သေသေပြောပြီး သော်ထက်အရင် ထိုနေရာသို့သွားနှင့်ပြီး ဘေးအစွန်မှာ ထိုင်နေသည့် Kyleဘေး နေရာလပ်မှာ မည်သူမျက်နှာမှမကြည့်နေဘဲ ခြေထောက်ချိတ် ဝင်ထိုင်လိုက်၏။ Kyleနှင့်တမံကြား မဆိုသလောက် လပ်နေသည့်နေရာမှာ သော်က တိုးဝင်ထိုင်လာသည်။ တယံ၊ Kyle၊ သော်၊ တမံ အစဉ်လိုက်ဖြစ်သွား၏။

"ဝါး ... မျက်စိတွေတောင် ကျိန်းတယ်၊ နေလေးစင်းပွင့်နေသလိုပဲ"

ChillWhere stories live. Discover now