"တိမ်တမံအနေနဲ့ အဆင်ပြေရင်ပေါ့နော်၊ PROနဲ့ပတ်သက်တဲ့ activityတွေမှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်၊ Trainingကတော့ ရှိလိမ့်မယ်၊ တိမ်တမံအတွက် ပညာရမှာပါ"
"ဟုတ်ကဲ့ပါ မမီ၊ မံScheduleပေါ်မူတည်ပြီး ကြူတို့အဆင်ပြေသလို လုပ်ပေးပါ့မယ်နော်"
"ကျေးဇူးပါ"
တူတော်မောင်က တိမ်တမံတို့ရောက်ရောက်ခြင်း ဆယ်ငါးမိနစ်လောက် အရင်အချိန်ဆွဲပေးထားပါဆိုလို့ တောင်စဉ်မရေရာတာတွေ လျှောက်ပြောနေရင်း လက်ပတ်နာရီကို ငုံ့ကြည့်မိ၏။ ခိုင်မြဲနှောင်ကလေ ဘာဖြစ်ချင်နေလဲမသိပါဘူး။ ကိုယ့်မှာတော့ ဖြူဖျော့လာတဲ့ သူ့ကို စိတ်ပူနေပေမဲ့ သူကတော့ အစီအစဉ်တွေ ချမှတ်နေလိုက်တာ။
ဆိုဖာလက်ရမ်းပေါ် လက်ထောက်၍ နဖူးတင်ကာ မျက်စိမှိတ်ထားသော တိမ်တမံသည် ရောက်ကတည်းက ထိုပုံစံအတိုင်း တစ်ခွန်းမှ ဝင်မပြော။ တရားမှတ်နေသလားမသိ။ မန်နေဂျာဖြစ်သူ မွှေးရနံ့ကြူကချည်း ဒိုင်ခံပြောနေသည်။
"မမီ ဘာညွှန်ကြားဖို့ရှိသေးလဲ၊ ဒါလေးတွေ ပြောဖို့ အရေးတကြီးခေါ်လိုက်တာလားဟင်၊ ညက မံအိပ်ရေးပျက်ထားလို့ သိပ်မလန်းတာပါ၊ ဒါပေမဲ့ မမီခေါ်တယ်ဆိုတာနဲ့ မံလေးက လိုက်လာရှာပါတယ် ဟင်းဟင်း"
တိမ်တမံကို တင်မီမီကိုက မျက်လုံးစွေစွေထား အကဲခတ်ကြည့်နေ၍ မွေးရနံ့ကြူက ကာကွယ်ပြောလာ၏။ အပြုံးနှင့်ခေတ္တအဆက်အသွယ်ပြတ်သွားလို့ တင်မီမီကိုသည် မျက်နှာထားတည်တည်ကြီး ဖြစ်နေလိမ့်မည်။ ချက်ချင်းပြန်ပြုံးကာ တိမ်တမံဆီက အကြည့်လွှဲလိုက်ပြီး မွှေးရနံ့ကြူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"အားနာစရာဖြစ်ကုန်ပါပြီ၊ နောက်ဆို တိမ်တမံက PROမိသားစုဝင်ဖြစ်လာတော့မှာလေ၊ မမီကလည်း ဒီနေ့မှ အချိန်ရတော့ စာချုပ်မချုပ်ရသေးခင် တိမ်တမံနဲ့ ရင်းနှီးမှုရအောင် စကားပြောထားချင်လို့ပါ၊ အဆင်ပြေမဲ့ရက် စာနယ်ဇင်းသမားတွေ ဖိတ်ခေါ်ပြီး အခမ်းအနားနဲ့ မမီတို့ စာချုပ်ချုပ်ကြတာပေါ့၊ စာချုပ်နဲ့ပတ်သက်ပြီး အကြူတို့ဘက်က စဉ်းမျဉ်းစည်းကမ်းလေးတွေ ထားချင်သေးရင် ပြောပါ"
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020