28

4K 864 181
                                    

"ကျွန်မတို့ရဲ့အစီအစဉ်ကိုလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Zylen"

"ပရိသတ်တွေနဲ့ ရင်းနှီးအောင် ဖန်တီးပေးတဲ့ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရလို့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်"

အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီးနောက် ရိုက်ကူးရေးကို အဆုံးသတ်လိုက်သည်။ ကင်မရာတွေ ပိတ်လိုက်တာ သိသိချင်း ရိုက်ကွင်းထဲ ဝင်လာသော ဒေါ်မြတ်ရတနာဖြိုး။

"မတွေ့တာကြာပြီ၊ တူတော်မောင်"

လက်ပိုက်ကာ မျက်နှာထားတည်တည် ပြောလိုက်ပုံက အိမ်ပြေးကလေးကို လာဖမ်းသည့် အမေတစ်ဦးလို။ ရိုက်ကူးရေးမပြီးသေးခင်တည်းက အဒေါ်ဖြစ်သူကို ဝန်ထမ်းတွေကြားထဲ မြင်လိုက်သည့် ယသော်သည် အခုလိုအနားရောက်လာမယ်မှန်း ကြိုတင်သိထားပြီးသား။ စတိုင်လစ်ကိုမစောင့်ဘဲ စပွန်ဆာပေးထားသော လက်ပတ်ချိန်းကြိုးတွေကို ယသော်ကိုယ်တိုင်ဖြုတ်နေကာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေမိသည်။

"အပြန် ငါနဲ့ လိုက်ခဲ့"

ပြောပြီး ကျောခိုင်းလိုက်သော အဒေါ်ဖြစ်သူက မာနကြီးကြီးရယ်။

"မလိုက်ချင်ဘူး"

ပြတ်ပြတ်သားသားအငြင်းစကားကြောင့် ဒေါ်ြမတ်ရတနာဖြိုး စိတ်အလိုမကျဖြစ်သွားပြီး ယသော်ဘက် ပြန်လှည့်လာ၏။

"မင်းအဘိုးက မင်းကို တွေ့ချင်နေတယ်"

"ကျွန်တော်ကတော့မတွေ့ချင်ဘူး"

လက်ပိုက်ဖြုတ်လိုက်သော အဒေါ်က သည်းမခံနိုင်ဖြစ်သွားသည်။

"ဘယ်လိုအငြိုးတွေကြောင့် ငါတို့ကို ဒီလောက် ခါးခါးသည်းသည်းဖြစ်နေတာလဲ ယသော်၊ မင်းတို့သားအမိအပေါ် ငါတို့တစ်ခါမှ အနိုင်မကျင့်ခဲ့ဖူးဘူးနော်"

"ကျွန်တော်မအားဘူး"

ထသွားသည့် ယသော်လက်မောင်းကို အမိဖမ်းကိုင်ထားလိုက်ပြီး

"ယသော် ... ငါတို့နဲ့ မင်း ဆွေခန်းမျိုးခန်းဖြတ်ချင်နေတာလား"

"အခုမှသိတာလား"

လက်ကို ပြန်ရုန်းသွား၏။

ChillWhere stories live. Discover now