64

2.2K 278 100
                                    

"လှေကားပေါ်ကဖြစ်စဉ်က မတော်တဆလား၊ တစ်ဦးတစ်ယောက်ကြောင့်လား ... အားနာပေမဲ့ မတော်တဆအဖြစ်ပဲ ထားလိုက်ရအောင်၊ ဝါ ထိခိုက်နစ်နာခဲ့တာတွေအတွက် အကျိုးမယုတ်ရအောင် ကျွန်တော်စီစဉ်ပေးမှာပါ"

ဝါ ကို အားနာပေမဲ့ မံ မလုပ်သင့်တာကို လုပ်ခဲ့လည်း မံ ကို သူ ကာပေးရမှာပဲ။ မျက်ခွံမို့မို့ထဲက အားငယ်ဖျော့တော့သော မျက်ဝန်းအကြည့်တို့ကို မသိယောင်ပြု၍ အခန်းထဲကထွက်ရန် သူထရပ်လိုက်သည်။

"ဝါ ချစ်ရတဲ့သူ ရှိတယ်"

ရှေ့ဆက်မသွားဖြစ်ဘဲ ဝါ ကို သူငဲ့ကြည့်မိသည်။

"သနားသလို မကြည့်ပါနဲ့လား Kyle ... ဒီမျက်နှာဒီပုံစံနဲ့ သူ့ကို ချစ်ရတာ ကိုယ့်ဘာသာကိုယ်တောင် သိမ်ငယ်နေရလို့ပါ၊ သူ့ကိုလည်း အားနာတယ် ... သူနဲ့မျက်လုံးချင်းဆုံတိုင်း စိတ်ထဲပြောနေမိတဲ့စကားက ကျွန်မ ရှင့်ကို ချစ်နေမိတဲ့အတွက် တောင်းပန်ပါတယ်တဲ့... ပြီးပြည့်စုံလှပတဲ့မိန်းကလေးအနေနဲ့ ရှင့်ကို ချစ်ပေးချင်ပေမဲ့ ... ဒီပုံစံဖြစ်နေတာ ဝါ မတတ်နိုင်ခဲ့ဘူး"

Kyleမျက်လုံးအိမ်အတွင်းထဲသို့ ထိုးထွင်းစိုက်ကြည့်ရင်း ပြောနေလျက်။ ညှို့ကွင်းဗဟို၌ တည်ရှိနေသူလို မျက်တောင်ခတ်ရန်ပင် Kyle မေ့လျော့နေခဲ့သည်။

"သူ့ ဂုဏ်သတင်း ထိခိုက်မှာ ဝါ မလိုလားပါဘူး၊ Kyleမပြောခင်တည်းက မတော်တဆအဖြစ်ပဲ ထားဖို့ ဝါ ဆုံးဖြတ်ခဲ့ပြီးပါတယ်"

ပန်းဇလပ်ဝါ မျက်နှာလွှဲခါမှ အသက်ရှုလို့ရသွားသလို Kyleခံစားရသည်။

ဘာကြီးပါလိမ့် ... မျက်လုံးချင်းဆုံသောအခါ ဝါ အကြည့်တွေက သူ့ကိုချုပ်တည်းထားသကဲ့သို့ မလှုပ်နိုင်မပြောနိုင်ဖြစ်ရတဲ့ ခံစားချက်ကြီးက မသိုးမသန့်ဖြစ်စရာ။

"ဝါ ချစ်နေတဲ့သူက ..."

"တော်သေးတယ် ဒဏ်ရာမပြင်းထန်လို့ ဒီနေ့တောင် ဆေးရုံဆင်းလို့ရမယ်ထင်တယ်၊ ကျွန်တော် သွားမေးလိုက်ဦးမယ်"

ပန်းဇလပ်ဝါ ဆက်မပြောနိုင်အောင် သူ အလျင်ရှောင်ထွက်မိသည်။

"Kyle မသိချင်ဘူးလား ... ဝါ့ ဘယ်သူ့ကိုချစ်နေလဲဆိုတာ"

အသိသာကြီးပါပဲ။ ဝါက ဘယ်သူ့ကို ချစ်နေတယ်ဆိုတာ Kyleသိသည်။ ဒါပေမဲ့ ဝါ သူ့ထံ တိုက်ရိုက် ဖွင့်ဟဝန်ခံလာမှာကို မကြားလို။ ရင်ဆိုင်ဖို့အသင့်မဖြစ်သေးဘူး။ Kyle မသိချင်ယောင်ဆောင်နေချင်သည်။

ChillWo Geschichten leben. Entdecke jetzt