45

8.2K 741 306
                                    

"မင်းအကောင်ဆီ မင်းပြန်သွားမယ်ဆိုလည်းသွား အဲ့အစား ငါ့ကိုထားခဲ့ဖို့တော့ စိတ်မကူးလေနဲ့ တိမ်တမံ၊ မင်းနဲ့ငါအတူနေထားတဲ့ ဗီဒီယိုဖိုင် ငါ့မှာ ရှိတယ်"

"မင်းရဲ့ HDပေါ့"

"အ! ပူလိုက်တာ"

အတွေးနစ်နေတုန်း ငေးငိုင်နေရင်း ကော်ဖီခွက်အဖုံးလှပ်လိုက်တာ လက်ကိုအပူဟပ်သွား၏။ ရဲတက်သွားသော လက်ကို ပွတ်သပ်ကာ သွားကြားထဲက လေသံစူးခနဲထွက်သွားသည်။ ခဏပါပဲ... ပြန်ငေးငိုင်သွားပြီး Kyleအကြောင်း တွေးမိပြန်သည်။

အပူဟပ်သွားသည့်လက်ချောင်းထက် နှလုံးသားက ပိုနုနယ်သည်။ အလွယ်ပေးခဲ့သမျှဟာ ချစ်လို့ဖြစ်ကြောင်း အသိအမှတ်ပြုမခံရတဲ့အပြင် အားနည်းချက်ဖြစ်သွားတာက တမံအချစ်မတတ်ခဲ့လို့လား ဒါမှမဟုတ် သူကပဲ မချစ်တတ်လို့လား။

မံတို့နှစ်ယောက်စလုံး အချစ်ကို မသိတတ်ကြသေးဘူးပဲ Kyle၊ ချစ်ပေးဖို့ရော အချစ်ခံရဖို့ရော မံတို့ မတတ်မြောက်ခဲ့ကြဘူး။ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ထဲကလို... ကလေးဘဝတည်းက ကျွန်းပေါ်မှာ နှစ်ယောက်တည်း ကြီးပြင်းလာတဲ့ အဖိုနဲ့အမက သာယာမှုနောက်လိုက်ပြီး ဗိုက်ကြီးလို့ကြီးမှန်းမသိ မွေးလာတဲ့ကလေး ဘယ်လိုပြုစုပျိုးထောင်ရမှန်းမသိသလိုမျိုး Kyleနဲ့မံလည်း ဘာမှမသိကြဘဲ သာယာမှုနောက်လိုက်ခဲ့ကြတာလား။ မံကတော့ အဲ့လိုမဟုတ်ဘူးနော် Kyle။

တိမ်တမံဆိုတာ Kyleတစ်ဦးတည်းအတွက်သာ အရာခပ်တိုင်း အလွယ်လေးဖြစ်ခဲ့တာ။ မံအတွက် တစ်ဦးတည်းဖြစ်ခဲ့တဲ့ မံချစ်သူ သော်ကိုတောင် မံက အခက်အခဲတွေနဲ့ ရင်ဆိုင်စေခဲ့တာပါ။ မံ ဖြစ်ချင်တာတွေကိုပဲ ဖြည့်ဆည်းပေးရင်း သော် ပင်ပန်းဆုံးရှုံးခဲ့တာတွေကို Kyle ခန့်မှန်းနိုင်မှာတောင် မဟုတ်ဘူး။

မံကလေ Kyleကို သိသိသာသာကြီး မျက်နှာသာပေးအလိုလိုက်ခဲ့တာ။ Kyleမျက်နှာ တစ်ချက်အညှိုးမခံဘဲ မံကချည်း အသုံးတော်ခံချင်တာမျိုး။ မံ ပေးလိုက်တာ အချစ်ဖြစ်ပေမဲ့ Kyle ရလိုက်တာက မံ အားနည်းချက်ဖြစ်သွားပြီး Kyleပြန်ပေးလိုက်တာက ခြိမ်းခြောက်မှုတဲ့လား။

ChillWhere stories live. Discover now