40

4K 702 502
                                        

မန္တလေးကပြန်လာပြီး တမံ ရုပ်ရှင်ရိုက်ကူးရေးဆက်သည်။ လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းဖြစ်ပြီး ဒရမ်မာအက်ရှင်ခန်းအချို့ပါသည်။ ဇာတ်ညွှန်းကအတော်ကောင်းသလို ရိုက်ကူးရေး အကုန်အကျများသည်။ ထင်ထားတာထက် ရင်းနှီးမြှပ်နှံပေးထားသော Sun Empire Productionကို ကျေးဇူးတင်မိသည်။

အထင်ကရ အင်တာတိန်းမန့်နှင့်ထုတ်လုပ်ရေး ပူးပေါင်းထားသော ရုပ်ရှင်မှာ Co-sponsoredတွေကလည်း မြိုင်ဆိုင်သည်။ တိမ်တမံက တော်တော်ကံကောင်းတာပါ။

ဝတ္ထုစာအုပ်မှာတည်းက နာမည်ကြီးနေသော ယင်းဇာတ်လမ်းကို တိမ်တမံက အဓိကဇာတ်ဆောင်နေရာကနေ ရိုက်ကူးမည်ဖြစ်ကြောင်း အတည်ပြုကြေညာတုန်းက ထုံးစံအတိုင်း ဂယက်ဖြစ်ရသေးသည်။ အတိုက်အခိုက်ဝေဖန်မှုတို့က တနင့်တပိုး။

ဒါတွေက ဒီလောကမှာ သိပ်တော့မဆန်းပါ။ ရိုက်ကူးရေးမစရသေးသည့် ရုပ်ရှင်မှာ အတတ်ကြူးတို့က သရုပ်ဆောင်၏အနုပညာစွမ်းရည်ကို ချပြခွင့်မပေး၊ ဝတ္ထုကာရိုက်တာနဲ့ သရုပ်ဆောင်မလိုက်ဘူးပဲ စုံကန်ပိတ်ငြင်းထားကြသည်။

စိတ်ကူးယဉ်ဝတ္ထုထဲက ဇာတ်ကောင်အတွက် သီးသန့်မွေးဖွားလာတာမဟုတ်သော လူသားသရုပ်ဆောင်တို့သည် ကျရာဇာတ်ရုပ်မှာ အံဝင်ခွင်ကျဖြစ်အောင် အနုပညာစွမ်းဖြင့်သာ အယောင်ဆောင်တင်ဆက်ကြရချည်သာ။

ရုပ်ရှင်ကိုကောင်းစေချင်တာလား၊ အနုပညာရှင်တစ်ယောက်၏ အခွင့်အရေးတက်လမ်းကို မရစေချင်တာလား ဝေဖန်သူတို့ကိုယ်တိုင်တောင် မသဲကွဲသော တိုက်ခိုက်မှုတို့ကြောင့် ပိတ်ကားထက်မရောက်လိုက်ရပါဘဲ လမ်းတဝက်တပျက်မှာတင် နှုတ်ထွက်ကျရှုံးသွားရသည့် အနုပညာရှင်တို့ ဘယ်နယောက်များများရှိခဲ့ကြမလဲ။ ရေတွက်လို့နိုင်မှာမဟုတ်။

ယခုဂယက်တွင် တိမ်တမံနှင့်အပြိုင် တဝမ်းကွဲ ညီတော်စပ်သူ တိမ်တယံကို ဆွဲထည့်လာကြသည်။ တိမ်တမံကို တိုက်ခိုက်ဖို့ အင်အားမလုံလောက်သောအခါ တိမ်တမံနှင့်အပြိုင် မဆိုင်သောတိမ်တယံကိုပါ ဆွဲထည့်ပြီး နှစ်ဖက် ပရိသတ်များကို ရန်တိုက်ပေးလိုက်ခြင်းဖြင့် သေးသောအမှုကြီးစေရန် ပျက်စီးရာဖြစ်ကြောင်းအား ပရိယာယ်သုံးသည်။ သေချာတာတော့ ထိုသို့ကြံဆောင်ကြသူများသည် တိမ်တမံနှင့်တိမ်တယံနှစ်ဦးစလုံးကို နှစ်သက်သော ပရိသတ်များမဟုတ်ဘဲ နစ်သတ်လိုသော ပရိသတ်များသာြဖစ်သည်။

ChillDonde viven las historias. Descúbrelo ahora