24

3.8K 867 321
                                    

"ဆရာ ဘာလုပ်နေတာလဲ"

အနောက်ကနေ ခိုင်မြဲနှောင်ပြောလိုက်တော့ စက်ဘီးရပ်ထားတဲ့နား ရစ်သီရစ်သီလုပ်နေတဲ့ ဆရာယသော် လန့်သွားတယ်။ ပြီးတော့ မဟုတ်တာလုပ်နေတုန်း လူမိသွားလို့ အဖက်ဆယ်တဲ့ အပြုံးကြီးနဲ့ ချက်ချင်းလက်ငင်း လူကြီးလူကောင်းအိုက်တင်ဖမ်းလိုက်ပြီး လက်နှစ်ဖက်နောက်ပစ်လိုက်တယ်။

"ဘာမှမလုပ်ပါဘူး၊ အိမ်ပြန်မှာလား၊ စက်ဘီးသေချာဂရုစိုက်နင်းသွား၊ နေ့လည်ပြန်လာရင်နောက်မကျစေနဲ့၊ အိမ်ကဘယ်နားမှာလဲ"

ကရားရေလွှတ် သူ့ဘာသူမေးပြီး ခိုင်မြဲနှောင်အဖြေကိုမစောင့်ဘူး။ ထွက်သွားတော့တယ်။ ခိုင်မြဲနှောင်က ဆရာယသော် ရစ်သီရစ်သီလုပ်နေခဲ့တဲ့ စက်ဘီးတွေကို ကြည့်လိုက်တော့ တိမ်တမံစက်ဘီးဖြစ်နေတယ်။ တိမ်တမံစက်ဘီးခြင်းထဲ စက္ကူအိတ်လှလှလေးနဲ့ ထုပ်ပိုးထားတဲ့ စားချင်စဖွယ် ချစ်စရာCupcakeတွေ။

ဒီတနင်္ဂနွေနေ့လည်တော့ ခိုင်မြဲနှောင်အလုပ်ရှုပ်ရပြီပဲ။

-----------------

"ရော့ ရော့"

"ဟယ် ... ကျေးဇူးပါ ... တာတေကြီးမွေးနေ့လား"

ပေးတာကိုမယူဘဲ လျှာရှည်နေပြန်တယ်။ ထုတ်ပြောလို့မရတဲ့ အကြောင်းပြချက်ကြောင့် ခိုင်မြဲနှောင်က ဪ အင်း ပဲ ယောင်ရွှီးလိုက်တယ်။

ခိုင်မြဲနှောင်ဟာ သူလုပ်မိတဲ့အပြစ်အတွက် ပြန်ပေးဆပ်နေတယ်။ တကယ်တော့သူက တိမ်တမံတစ်ယောက်တည်းကို မုန့်စပါယ်ရှယ်ဝယ်ကျွေးချင်တာ။ အဲ့လိုဆန္ဒရှိတိုင်းလည်း တိမ်တမံတစ်ယောက်တည်းကိုကွက် မကျွေးရဲပြန်ဘူး။

တပြင့်လူကိုအသာထား။ တိမ်တမံကအရင် သူ့ကိုဆန့်ကျင်မှာ။ ဒါကြောင့် စာသင်ခန်းထဲရှိ လူတွေအကုန်ကို သူ့မှာ တန်းတူမုန့်ဝေပေးနေရတယ်။ အတန်းသားတစ်ယောက်ချင်းစီကို ချိုချဉ်သုံးလုံး၊ ဝေဖာချောင်းတစ်ချောင်း၊ ကိတ်မုန့်တစ်ခု အချိုးကျကျ ဝေပေးနေတယ်။ တိမ်တမံအတန်းကိုတော့ သူကျော်သွားပါတယ်။

နေ့လည်ထမင်းစားအိမ်ပြန်တော့ နှစ်နဲ့ချီ တစ်ရက်မပြတ်စုထားခဲ့တဲ့ ဝါးလုံးခေါင်းစုဗူးကို ဓါးမကြီးနဲ့ခုတ် သူခွဲခဲ့တယ်။ ဆယ်တန်းဖြေပြီးရင် မြန်မာပြည်အနှံ့ခရီးထွက်ချင်တဲ့ခိုင်မြဲနှောင်က တစ်ရက်တစ်ရက်ရတဲ့ မုန့်ဖိုးလေးတွေကို စုထားတာပါ။ အခုတော့ ဆယ်တန်းမဖြေရသေးခင်မှာပဲ စုဗူးကိုခွဲလိုက်ရပြီ။ အဲ့အတွက် နှမြောတသစိတ်မကောင်းဖြစ်ရခြင်းအလျဉ်း ခိုင်မြဲနှောင်မှာမရှိခဲ့ဘူး။

ChillWhere stories live. Discover now